ဒဏ္ဍာရီတွေက ဒီလိုပြောကြတယ်။ ယဲ့ဖေ့ထျန်းရဲ့သွေးက သေခါနီးလူကိုတောင် ကယ်တင်နိုင်တဲ့ ဆန်းကြယ်တဲ့သတ္တိရှိသတဲ့။ တရားမျှတမှုဆိုတဲ့ခေါင်းစဥ်အောက်မှာ ပုရွက်ဆိတ်တွေ၊ အင်းဆက်တွေလို အပြုံလိုက်ကြီးရှိနေတဲ့ မဟာလူသားကြီးတွေက သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့ သူ့ကိုလိုချင်ကြတယ်။
အဲ့ဒီ၀ိသမလောဘသားတွေကို သဲဝါတွေသုံးပြီးချေမှုန်းရင်း ယဲ့ဖေ့ထျန်းတစ်ယောက် သူ့ရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ခန္ဓာကိုယ်ကို သွေးအိုင်ထဲမှာလဲကျခွင့်ပြုလိုက်တော့တယ်။
တိုက်ပွဲရဲ့ အစွန်းတစ်နေရာကနေအမျိုးသမီးတစ်ဉီးပေါ်လာပြီး သူ့ဆီကိုတိတ်တဆိတ်ပဲ ချဥ်းကပ်လာတယ်။
ရှိသမျှအားတွေကိုသုံးရင်း ယဲ့ဖေ့ထျန်း ယဲ့ယဲ့လေးပြုံးလိုက်မိတယ်။ အနိမ့်စားစွမ်းအားရှင်တစ်ယောက်ကတောင် သူ့ရဲ့ အသွေးတွေအသားတွေကို ဆောင်ယူရဲသွားပြီပဲ။
သူ့မျက်လုံးတွေကိုမှိတ်လိုက်တဲ့အချိန်မှာပဲ အဲ့ဒီအမျိုးသမီးက သူ့အပေါ်ကို ခြုံထည်တစ်ခုလွှမ်းပေးလာတယ်။
ယဲ့ဖေ့ထျန်း: ???
ချူချန်ရွှင်သေသွားတော့ တခြားအပြိုင်ကမ္ဘာတစ်ခုမှာဘာတွေဖြစ်ခဲ့လဲဆိုတာကို သူမ တွေ့မြင်ခဲ့ရတယ်။
အဲ့ဒီကမ္ဘာမှာ လူတိုင်းကြောက်ရွံ့ရတဲ့ မိစ္ဆာကြီးဟာ မကောင်းဆိုးတစ်ကောင်မဟုတ်ခဲ့ဘူး။ ဒါပေမယ့် သူမကိုတော့ရှက်ပြုံးလေးပြုံးပြတတ်တယ်။
အဲ့ဒီအပြုံးတစ်ခုအတွက်နဲ့ သွေးပင်လယ်ဝေနေတဲ့ အလောင်းတွေကိုကျော်ဖြတ်ပြီး သွေးဆာရက်စက်လွန်းတဲ့မကောင်းဆိုး၀ါးအနားကို သူမချဥ်းကပ်လာမိတယ်။
ဒါပေမယ့် အဲ့ဒီလူကပြောတယ်။
" ထွက်သွား...မင်း ငါ့အနားကိုလာရင် မင်းကိုရက်ရက်စက်စက်သတ်ပစ်မှာ"တဲ့သူမ တကယ်တမ်းကျောခိုင်းလိုက်တဲ့အခါမှာတော့ သူမအင်္ကျီစလေးကို ပြန်ဆွဲထားတာ ခံလိုက်ရတယ်။
တစ်လောကလုံးက ငြင်းပယ်မယ်ဆိုရင်တောင် ကျွန်မကတော့ ရှင့်လက်ကို တွဲထားပါရစေ။
လူတိုင်းကရှင့်ကိုကြောက်နေခဲ့မယ်ဆိုရင်တောင် ကျွန်မကတော့ ရှင့်ကိုချစ်ပါရစေ။
____
Novelရဲ့ englishနာမည်က let the villain goပါ။
YOU ARE READING
နွေးထွေးမှုသဲ့သဲ့
Fantasyချူချန်ရွှင်သေသွားတော့ တခြားအပြိုင်ကမ္ဘာတစ်ခုမှာဘာတွေဖြစ်ခဲ့လဲဆိုတာကို သူမ တွေ့မြင်ခဲ့ရတယ်။ အဲ့ဒီကမ္ဘာမှာ လူတိုင်းကြောက်ရွံ့ရတဲ့ မိစ္ဆာကြီးဟာ မကောင်းဆိုးတစ်ကောင်မဟုတ်ခဲ့ဘူး။ ဒါပေမယ့် သူမကိုတော့ရှက်ပြုံးလေးပြုံးပြတတ်တယ်။ အဲ့ဒီအပြုံးတစ်ခုအတွက်နဲ့ သွေး...