Ep 35
Uni+Zaw
' ဒီလောက်ထိ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပြီးပြီ'
' ဒါကိုမကျေနပ်နိုင်ကြသေးဘူးလား'
' အခုလည်း သူ့ကိုယဇ်ပူဇော်ပြီးထာဝရရှင်သန်ခြင်းကို အဓွန့်ရှည်တည်တံ့စေဦးမယ်ပေါ့'
' မဖြစ်ရဘူး။အဲလိုလုံးဝ မဖြစ်ရဘူး။ '
' ဖြစ်ခွင့်မပေးနိုင်ဘူး 'အဘိုးကျွန်းအိုနှင့်စကားပြောပြီးချိန်မှစလို့ ဒေါင်းလွမ်းဏီနေ့ရက်တိုင်း စိုးရိမ်ပူပန်စိတ်များဖြင့်ဖြတ်သန်းနေရသည်။ ဒီလူယုတ်မာမကောင်းဆိုးဝါးတွေရဲ့ ရည်ရွယ်ချက်ကိုဖြစ်မြောက်ခွင့်မပေးနိုင်။
အခန်းထဲဝင်လာသောခြေသံကြောင့်အတွေးတို့ခေတ္တရပ်စဲသွားသည်။
" အခုထိ အစာအငတ်ခံပြီးနေနေတယ်ဆို "
စပ်ခေါင်ထီရာဇ်ဖြစ်သည်။ဖျားထားတဲ့အရှိန်ကြောင့် မျက်နှာမှာသိသိသာသာချောင်ကျနေသည်။ဒေါင်းလွမ်းဏီသည် နှုတ်ဆိတ်လျှက် မျက်နှာကိုတစ်ဖက်သို့လွှဲ၏။သူ့အတွက် ကျက်သရေမရှိတဲ့မျက်နှာကိုမမြင်ချင်။
" ဒီလိုနဲ့ မင်းပဲထိခိုက်လိမ့်မယ်။တစ်ခုခုတော့စားမှပေါ့။ "
" သိပ်ပြီးကြင်နာတတ်ချင်ယောင်ဆောင်မနေစမ်းပါနဲ့ ။ ဟက်! စပ်ခေါင်ထီရာဇ် ခင်ဗျားကအရင်ကတည်းက ဟန်ဆောင်ကောင်းခဲ့တာပဲ။ခေါင်အာလူမျိုးစုတစ်ခုလုံးက ယုံကြည်အားကိုးလေးစားချစ်ခင်ရတဲ့ သခင်လေး....။စိတ်နှလုံးသားနူးညံ့ကြင်နာသနားတတ်တဲ့ သခင်လေး....။ဒါတင်မကသေးဘူး ကျုပ်တို့ယော်နွမ်လူမျိုးစုကိုပါ ကူညီစောင့်ရှောက်ပေးတဲ့ ကျေးဇူးရှင်သခင်လေး။မျက်နှာဖုံးတွေအထပ်ထပ်တပ်ထားခဲ့တာပါလား စပ်ခေါင်ထီရာဇ်! ရွံစရာကောင်းလွန်းလို့ ကျုပ်အန်မိတော့မယ် "
စပ်ခေါင်ထီရာဇ်သည် မှိုင်းညှို့ရီဝေနေသော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေမိသည်။သို့ပေမဲ့ ဒေါင်းလွမ်းဏီ၏နာကျည်းမုန်းတီးမှုများဖြင့် မီးဝင်းဝင်းတောက်နေသောမျက်လုံးများကို သူကပဲအရင်ရှောင်လွှဲလိုက်သည်။
" အခုမှသေချာကြည့်မိတယ် ခင်ဗျားရဲ့ 'ထာဝရရှင်သန်ခြင်း' ကတဖြည်းဖြည်းနဲ့ယိုယွင်းပျက်စီးလာပုံပဲ။ မျက်နှာကြီးဖြူဆုတ်နေတာ အသေကောင်လိုပဲမြင်လို့တောင်မကောင်းဘူး။အဲဒါနဲ့ပဲ ကျုပ်ကိုယဇ်ပူဇော်ဦးမယ်ပေါ့ ဟုတ်လား!! ပြီးရင်နောက်ထပ်နှစ်တွေအများကြီး အသက်ဆက်ရှင်ဦးမယ်ပေါ့လေ။ မရစေရဘူး! လုံးဝမရစေရဘူး။ ခင်ဗျားအကြံစည်တွေမအောင်မြင်စေရဘူး စပ်ခေါင်ထီရာဇ်!! "
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...