Serendipity At The Ball: A Tale Of Love
ကပွဲတစ်ခုကနေ အစပြုတဲ့ လူသားနဲ့ Vampire ကြားက ချစ်ခြင်းတစ်ခု။
Vampire တွေ လက်ဝါးကြီးအုပ်ပြီး အုပ်ချုပ်တဲ့ ခေတ်ကာလ မဟုတ်တော့ပေမဲ့ လူသားတွေရဲ့ နယ်မြေတွေနဲ့ Vampire တွေရဲ့ နယ်မြေတွေက တသီးတခြားစီ ရပ်တည်နေကြဆဲဖြစ်သည်။ မျိုးနွယ်စု နှစ်ခုအကြား ငြိမ်းချမ်းရေးယူထားသော်ငြား လူသားတွေကတော့ Vampire တွေ တစ်နေ့ ပြန်အုပ်စိုးလာမှာကို ကြောက်နေကြဆဲ ဖြစ်၏။ Vampire တွေကလည်း လူသားတွေကို တစ်နေ့တခြား စိုးရိမ်နေကြဆဲ။
ငြိမ်းချမ်းရေး ကပွဲ...။
လောကကြီးရဲ့ နိယာမ အတိုင်း သည်မျိုးနွယ်စုနှစ်ခုဟာ ငြိမ်းချမ်းရေးဆိုသည့် မျက်နှာဖုံးတွေကိုတော့ဖြင့် အသုံးပြုနေကြဆဲပါပဲ။
လပြည့်ညတိုင်းမှာ ကျင်းပတဲ့ Vampire တွေရော၊ လူတွေရော အတူတူကျင်းပတဲ့ ကပွဲ။ Vampire တွေနဲ့ လူသားတွေ တွဲကခွင့်တောင် ရှိကြတဲ့ အထိ။ ဒါပေမဲ့ ကပွဲ သက်သက်ရော ဟုတ်ရဲ့လား...။
////
Vampire ခေါင်းဆောင်နဲ့ လူသားတွေရဲ့ ခေါင်းဆောင် တို့ရဲ့ စကားကို မထင်မှတ်ဘဲ ကြားသွားတဲ့ ချွမ်းရွေ့က ထွက်ပြေးဖို့တောင် သတိမရတော့ဘဲ တုန်လှုပ်နေခဲ့၏။
သူဘာတွေ ကြားလိုက်တာဖြစ်နိုင်လောက်မလဲ။ သေချာတာကတော့ သာမန် Vampire တစ်ယောက် လို ချွမ်းရွေ့အတွက် မကြားသင့်တဲ့ စကားတွေပါပဲ။
နေရာမှာ ကြက်သေသေနေတဲ့ ချွမ်းရွေ့ကို ဂယူဘင်းကပဲ ပါးစပ်ပိတ်ပြီး ဆွဲခေါ်လာခဲ့ရသည်။ မဟုတ်ပါက နှစ်ဦးစလုံးသေနိုင်သည့် အချင်းအရာတွေ မဟုတ်ပါလား။ ဒါပေမဲ့ ဂယူဘင်းကတော့ လူသားတစ်ယောက်ဖြစ်နေသည့်တိုင်အောင် ဘာကြောင့် သည်လောက် တည်ငြိမ်နေရတာလဲ။
ဒါဟာ မတော်တဆဖြစ်ရပ်လေး တစ်ခုပါပဲ။ ဒါပေမဲ့ မတော်တဆဖြစ်ရပ်ဆိုတာ မရှိပါဘူး။ အရာအားလုံးဟာ ဖြစ်သင့်လို့ ဖြစ်လာရတာချည်းပါပဲ။
~ ~ ~ ~
timeline - Middle ages (Europe between the fall of Rome and the beginning of the Renaissance)
jst a fact : The period after the fall of Rome is known as a "Middle" or even "Dark" age in which no scientific accomplishments had been made, no great art produced, no great leaders born.
History မှာ အကြိုက်ဆုံး timeline ကို ရေးမယ် ရေးမယ်နဲ့ 1980 ကနေ မရုန်းထွက်နိုင်ဘူး ဖြစ်ရာကနေ အရှေ့ကို ခုန်ကျော်ခဲ့ပါပြီဗျား။
YOU ARE READING
Serendipity At The Ball: A Tale Of Love
FanfictionTheir eyes met in the midst of the glittering lights and swirling dance, and that was the moment serendipity wove their hearts together at the ball. |Shimkongz |