အပိုင်း ၂၃

5.6K 710 198
                                    

"မသမာသော ဧကရာဇ်ကို အလိုမရှိ!"

"အလိုမရှိ!!"

"အလိုမရှိ!!"

"ယုတ်မာသော ဧကရာဇ်ကို အလိုမရှိ!"

"အလိုမရှိ!!"

"အလိုမရှိ!!"

တော်ဝင်နန်းတော်ရှေ့တွင် ဆန္ဒပြနေကြသော လူအုပ်ကြီးကိုကြည့်ရင်း ဒုဝန်ကြီး ပြုံးလိုက်သည်။ သူ့အကြံအစည်ရဲ့ ပထမခြေလှမ်းဟာ အောင်မြင်တယ်ဟု ဆိုရမည်။ Social media အပေါ် ပျံ့နှံ့သော ဧကရာဇ်ဟောင်းအား လုပ်ကြံမှုဆိုသော သတင်းသည် သက်သေနှင့်တကွ မချပြရသေးသော်လည်း လူထုက အုံကြွနေပြီ။

သတင်းသမားတွေကို ခေါ်ကာ သတင်းစာတွေထဲမှာပါ ထည့်စေတော့ ဧကရာဇ်ဂျွန်ဟာ ဧကရာဇ်ဟောင်းကို လုပ်ကြံ၍ ထီးနန်းလုယူဟူသော သတင်းခေါင်းစဉ်နှင့်အတူ သတင်းစာခေါင်းကြီးပိုင်းတွင် ပါလာကြသည်။ သတင်းစာ‌ထဲမှာပါ ပါလာကြတော့ လူတိုင်းက ယုံသလိုလို ရှိလာပြီလေ။

"ဘာဆက်လုပ်မှာလဲ ဦးရီးတော်"

"ညနေကြရင် မီဒီယာသမားတွေ လာလိမ့်မယ်။ အဲ့ဒီအခါကြ သေတမ်းစာအတုကို ပြပြီး ဧကရာဇ်ဂျွန် မသမာခဲ့တာပါဆိုပြီး ထောက်ခံလိုက်ရုံပဲ"

"ဧကရာဇ်ဂျွန်က ငြိမ်နေပါ့မလား"

"သူ ခဏတော့ ငြိမ်နေအုံးမှာပဲ။ သူက ပြည်သူတွေ ညှာတယ်။ ဆန္ဒပြတာတွေကိုလည်း ဖြိုခွဲမှာ မဟုတ်သလို သတင်းကိုလည်း ငြင်းဆန်အုံးမှာ မဟုတ်ဘူး"

ဘာကြောင့်လဲဆိုရင် ဧကရာဇ်ဂျွန် သတင်းကို ငြင်းဆန်လိုက်တာနဲ့အမျှ ဘုရင်ငယ်လေးက ထိခိုက်မှာမို့လို့ပဲ။ မီဒီယာရှေ့မှာ သေတမ်းစာအတုကိုကိုင်ပြီး ဧကရာဇ်က လိမ်ထားတာလို့ လူလုံးထွက်ပြပြီး ပြောတဲ့သူက ဘုရင်ငယ်လေးဖြစ်နေတဲ့အတွက် ဧကရာဇ်ဂျွန်မှာ သက်သေရှိနေရင်တောင် ငြင်းအုံးမှာ မဟုတ်မှန်း ဒုဝန်ကြီးကသိသည်။ သူသာ သက်သေနဲ့တကွ ငြင်းဆိုလိုက်ရင် ဘုရင်ငယ်လေးက အာဏာကို မက်လို့ ပြည်သူကို လိမ်လည်ပြီး ဧကရာဇ်ဂျွန်ကို ဖြုတ်ချချင်တယ်ဆိုတာမျိုး ဖြစ်သွားလိမ့်မှာကို ဒုဝန်ကြီးက ကြိုတွေးထားကာ ပိပိရိရိ အကွက်ချထားတာဖြစ်သည်။

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now