UNICODE
အခွံနွှာစက်ထဲတွင် အာလူးများက အခွံချွတ်ခံရရန် တန်းစီလျက် စောင့်ဆိုင်းနေကြပြီး မီးဖိုပေါ်မှ စွပ်ပြုတ်ရည်က ချင်းနဲ့ကြက်သွန်ဖြူ အနံ့သင်းသင်း ထွက်နေသည်။ အေပရွန်ဝတ်ထားသော လူငယ်လေးက လက်တစ်ဖက်တွင် စုတ်တံအထူကို ကိုင်လျက် အမဲသားလွှာပေါ်တွင် ပျားရည်အနှစ်ကို အထူအပါးညီညာစွာ သုတ်လိမ်းနေသည်။
ပျားရည်က အသားကို လျင်မြန်စွာနူးအိစေပြီး ချက်ပြုတ်ရသော ကြာချိန်ကို လျှော့ချပေးသည်။ အမဲအကြောစွပ်ပြုတ်က အချို့သော အခြေအနေများတွင် ခန္ဓာကိုယ်အတွက် ဖြည့်စွက်စာအဖြစ် အသုံးပြုနိုင်သည်။
ဂျဲနိုက ရေခဲသေတ္တာထဲမှ အသီးအရွက်များကို ထုတ်ယူလိုက်သည်။ ထို့နောက် ငရုတ်ပွသီးများကို ဥပမာထား၍ နာဂျဲယ်မင် ကြိုက်သောအရာများနဲ့ မကြိုက်သောအရာများကို ဘယ်နဲ့ညာ နှစ်ခြမ်းခွဲလိုက်သည်။ လွန်စွာမှ အလိုက်သိ ကောင်းမွန်လှသော စံပြရည်းစားကောင်လေး အနေနဲ့ ကိုယ်စားချင်တာ စားပြီးရင် သူစားချင်တာလေးတွေ ချက်ကျွေးရမည်ဟု ယူဆထားသည်။
မကြာခင်ပင် သူ့လက်နှစ်ဖက်တွင် ပါဝင်ပစ္စည်းများ အပြည့်ဖြစ်သွားသည်။ ထို့နောက် ကိုယ်ကိုလှည့်၍ ရေခဲသေတ္တာတံခါးကို နောက်ကျောဖြင့် တွန်းပိတ်ရန် ပြင်လိုက်သည်။
"ဒီပရက်ရှင်ဝင်နေတဲ့ ကောင်စုတ်လေးက ပြန်ကောင်းသွားပြီပေါ့"
အနည်းငယ် သရော်ဟန်စွက်နေသော ဆွဲဆောင်မှုရှိသော အသံက တံခါးဝမှ ထွက်ပေါ်လာသည်။ ဂျဲနိုက အလိုအလျောက် တုံ့ပြန်မှုကြောင့် ရုတ်တရက် ကျောကိုမတ်ထားလိုက်သည်။ မဟုတ်တာ လုပ်မိထားသလို မလုံမလဲစိတ်ကြောင့် သူ့လက်ထဲမှ သကြားညိုခဲများ ထည့်ထားသော စက္ကူအိတ်ကိုပင် ဖျစ်ညစ်လိုက်မိသည်။
"ခေါင်း_.. ခေါင်းဆောင်ဂျောင်"
ဘယ်ချိန်ကတည်းက ထိုနေရာတွင် ရှိနေမှန်းမသိသော ဂျောင်ဂျဲယ်ဟွန်းက လက်နှစ်ဖက်ကိုပိုက်လျက် တံခါးဘောင်ကို မှီရပ်နေသည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း ထိုအပြုံးက စိတ်ကောင်းဝင်နေသော လက္ခဏာမဟုတ်။ တစ်စုံတစ်ယောက်ကို တစ်လတိတိ ကြမ်းတိုက်ခိုင်းတော့မဲ့၊ အိမ်သာဆေးခိုင်းတော့မဲ့၊ ကွင်းတစ်ပတ် ပတ်ပြေးခိုင်းတော့မဲ့ မုန်တိုင်းမလာခင် အပြုံးမျိုးဖြစ်သည်။
YOU ARE READING
Lure of the Night || Norenmin ||
أدب الهواةNorenmin Myanmar fanfiction -Renjun -Jeno -Jaemin Started: 2024 may 27