Uni
_အဲ့တာက အချစ်ပါ_
" ကျွန်တော့်ကို အောက်တန်းကျတဲ့ကောင်တော့
ဖြစ်အောင် အကို မလုပ်ဘူးမလားဟင် ""ဒါပေမယ့် ကျွန်တော်ကိုယ့်ကျွန်တော့်ထက်
အကို့ကို ပိုချစ်နေတဲ့စိတ်ကို ကျွန်တော်ဘယ်လို လုပ်ရမလည်းအကိုရယ်"မငိုတော့ဘူးလို့ သူ့ကိုယ်သူ ကတိပေးထား
သည်မှာ ဘယ်နှကြိမ်မြောက်မှန်း မသိသလို အကို့ကြောင့်မျက်ရည်ကျရသည့်
အကြိမ်မှာလည်း အလားတူ မရေမတွက်နိုင်
လောက်အောင်
ဒါပေမယ့် အခုထပ်ပိုပြီး သူ့သိက္ခာတွေရော
မာနတွေပါမကျန် နင်းချေထားတဲ့အကို့အနား
မှာထပ်နေဖို့ဆိုတာ သူ့ဆီမှာ သတ္တိမရှိတော့ဘူး
ဒါကို အကိုနားလည်မယ်လို့မျှော်လင့်ပါတယ်" ရိပေါ်လေး "
"ဗျာ"
အခန်းထဲက ထွက်လာတဲ့ရှောင်းကျန့်ကို
ထမင်းစားပွဲမှာ အလုပ်ရှုပ်နေတဲ့ရိပေါ်က
အပြုံးမပျက်လှမ်းထူးတယ်
ရှောင်းကျန့်သည် ဝမ်ရိပေါ့်အပြုံးများအား
ငေးခွင့်ရပါသော အချိန်တိုင်းတွင်
မှန်နေသည်ဟူသော နှလုံးသားက
ခပ်နွေးနွေး သတိပေးချက်ကလေးကို
ကြားနေရသည်။သို့သော်ဒါဟာ အချိန်လွန်မှရတဲ့နောင်တတွေ
အဖြစ်ပြောင်းလဲသွားမယ်လို့တော့
သူ့နှလုံးသားလေး က ကြိုပြီး မသိနိုင်ခဲ့ဘူးလေ
သနားစရာကောင်းတယ်မလား ဝမ်ရိပေါ်က
ပိုသနားဖို့ကောင်းမှာပါ တကိုယ်ကောင်း
ဆန်ပြီး အတ္တ မကြီးရက်ပါဘူး~ အကိုက ငိုနေရရင်တောင်
မင်းကတော့ ကျေးဇူးပြုပြီးပျော်နေပေးပါ~" ငိုထားတာလား ရိပေါ်လေး "
"မငိုပါဘူးဗျာစကားမများပဲ လာထိုင်ပြီး
စားပါ"နီနေသော မျက်ခမ်းဆက်ကလေးများကို
တကြည့်ကြည့်လုပ်နေတဲ့ရှောင်းကျန့်ကြောင့်
ဝမ်ရိပေါ်က အခြားအဖက်ကို လှည့်
သွားပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေပြန်ပါ
သည်။" ခနနေ ကျွန်တော်ပြန်တော့မယ် ညက
ဒုက္ခပေးမိသွားရင်တောင်းပန်ပါတယ်
အကို "
YOU ARE READING
If we have second chance!
Fanfiction-အကိုက အရက်စက်နိုင်ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- -အကိုက အရက္စက္နိုင္ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- Kyarnge short story if you don't like mute...