Part 8(U&Z)

473 17 7
                                    


...
လက်ရှိအချိန်

"နွေဦးသားလေးရေထတော့လေ"

မိခင်ဖြစ်သူကအခန်းတံခါးဖွင့်ကာနှိုးနေသော်လည်း နွေဦးလွှာကတော့ အိပ်ရာပေါ်ထပ် လူးလိမ့်ကာ အိပ်နေဆဲဖြစ်သည်။
ဘယ်ကြောင့်အစောကြီးနှိုးနေရသလဲဆို။ဒီနေ့ တေဇလင်းရောင်၏ Company မှာအလုပ်စဆင်းရမည်မဟုတ်လား။ Company ကို၉နာရီအရောက်သွားရမှာဖြစ်သည်။သို့သော် နွေဦးလွှာက ၈နာရီခွဲသည့်အထိမထသေးပဲအိပ်နေဆဲဖြစ်သည်။

"အင်းး...."

ထိုအချိန် ဖခင်ဖြစ်သူရောက်လာသည်။

"ဆရာသမား အလုပ်ရှင်ကမင်းကိုပြန်စောင့်နေရတော့မယ် ထ အခုထ!"

"အား...."

အဖေလုပ်သူအော်တော့မှ ထထိုင်လာတော့သည်။
ဆံပင်ဆုပ်ဖွာနဲ့ ငုတ်တုတ်ကြီး ကုတင်ပေါ်မှာထိုင်နေလိုက်သည်။

"နွေဦးလွှာ..."

"ထပြီ ထပြီ လို့"

မျက်နှာမဲ့တာ ကုတင်ပေါ်ကနေ ရေချိုးခန်းထဲကိုပြေးဝင်သွားသည်။

"ကြာမနေနဲ့အုံး ကြားလား!"

"ရပါတယ် ဖေဖေရာ..."

မိခင်ဖြစ်သူလဲ ပြုံးပြုံး ပြုံးပြုံးဖြင့် အခန်းထဲမှ မီးဖိုချောင်ကိုထွက်လာလိုက်သည်။
ဖခင်ဖြစ်သူလဲ သူ၏မိန်းမနောက်ကလိုက်ထွက်လာကာ ဧည့်ခန်းထဲ ထိုင်နေသည်။

၅မိနစ်လောက်ကြာတော့ အိမ်ပေါ်ကနေ ဆူပုတ်ပုတ်ဖြင့်ဆင်းလာသော နွေဦးကို ဖခင်နဲ့မိခင် မြင်လိုက်ရသည်။

"အလုပ်ကိုက မရောက်သေးဘူး ရုပ်ကိုလဲကြည့်အုံး ချီးမှန်ထားတဲ့အတိုင်းပဲ"

သတင်းစာဖတ်နေသော အဖေလုပ်သူက မြင်၍ပြောလေသည်။

"မဲ့ နေမှာပဲလေ သားမှ အဲမှာအလုပ်မလုပ်ချင်တာကို"

"လျှာမရှည်နဲ့ သွားမနက်စာစားတော့ ၉နာရီထိုးတော့မယ်"

"ကဲ ဖေကြီးရယ် ကလေးကိုပြောမနေပါနဲ့တော့ လာလာသား မနက်စာစားရအောင်"

အမေဖြစ်သူကြားကဝင်ပြောတာမလို့ နွေဦးလဲ မနက်စာစားရန် စားပွဲသို့ လျှောက်သွားကာ ထိုင်စားနေလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Aug 02 ⏰

Add this story to your Library to get notified about new parts!

♡︎ 𝑪𝒓𝒖𝒔𝒉 ♡︎Where stories live. Discover now