အခန်း(၁) Uni/Zawgyi

1K 30 6
                                    

🪻လာဗင်ဒါလေးမှ.....သူ့ဆီသို့🪻

အခန်း(၁)

လူတိုင်းမှာအချစ်ဦးရှိကြသလို ထိုအချစ်ဦးနဲ့ပေါင်းဖက်ကြရသည်ကလည်းရှားလှသည်.....တစ်ဖန်ပြန်တွေးကြည့်ပြန်တော့လည်းအချစ်ဦးမှတိုင်တစ်ဘဝစာလုံးလက်တွဲသွားနိုင်တဲ့သူတွေလည်းရှိလှတယ်.....လာဗင်ဒါကတော့ ချစ်ရတဲ့သူအချစ်ဦးနဲ့ဝေးကွာခဲ့ရသည်ပေါ့.....

ကော်ဖီပူပူလေးတစ်ခွက်ကိုတစ်ငုံသောက်လိုက်ရင်း ဖန်သားပြင်မှန်ကနေအပြင်ကိုမြင်နေရသည်ဟာ လာဗင်ဒါရေးနေတဲ့ ဒိုင်ယာရီစာအုပ်ထဲကလိုပဲသိပ်ကိုမှဆွေးမြေ့စရာကောင်းနေသည်......မိုးတွေဆွေနေပြီးအေးစိမ့်စိမ့်ခံစားချက်ဟာ ကော်ဖီပူပူကြောင့်တော့နွေးထွေးသွားရသည်။ထိုကော်ဖီပူပူဟာတော့အခုချိန်မှာ ကိုယ်တိုင်ဖျော်ထားတဲ့ကော်ဖီလေးပေါ့.....သူဖျော်တိုက်သလောက်တော့မကောင်းတာသေချာသည်။

လာဗင်ဒါလေးဟာသက်ပြင်းခပ်ဖွဖွချလိုက်ပြီးတစ်‌ယောက်သောသူကိုသူမသတိရတိုင်းဖွင့်ဖတ်နေကြဒိုင်ယာရီစာအုပ်လေးကိုသူမဖွင့်လိုက်သည်။

"အဟွန်း"

အစကနေပြန်ဖတ်ကြည့်လိုက်တော့ သူမတို့သိပ်ကိုပျော်ရွှင်ခဲ့ကြပြီး သူမခေါ်ခဲ့တဲ့နာမ်စားလေးတစ်ခုဖြစ်တဲ့ အကို ဟာ သူမသိပ်ဆိုးလို့ရတဲ့ သူမရဲ့ပင်မထောက်တိုင်ကြီးတစ်ခုပေါ့....

အကိုတဲ့......သိပ်ကိုမှချစ်စရာကောင်းလှသည့်အကိုလေ......

တစ်ချိန်ကပျော်ရွှင်ဖွယ်ရာအတိတ်နေ့ရက်များဆီသို့......

"အား အေးလိုက်တာ...."

သူမဟာမိုးရေတွေရွှဲနေတဲ့ခန္ဓာကိုယ်ကြီးနဲ့ အကို့တိုက်ခန်းတံခါးကိုဖွင့်ကာညည်းညူလျက်ဝင်လာခဲ့တော့ ‌ဧည့်ခန်းမှာထိုင်နေပြီး အလုပ်လုပ်နေသည့်အကိုရဲ့ညိုမြမြမျက်ဝန်းတွေဟာ ချောဆီအကြည့်ရောက်လာခဲ့ကာ စိုးရိမ်တကြီးနဲ့ ထလာ ခဲ့သည်။

ချောနာမည်ကချစ်ချောခင်တဲ့.....အကိုကတော့ လာဗင်ဒါလေးလို့တင်စားထားတယ်....ဘာလို့ဆို ချောက လာဗင်ဒါတွေသိပ်ကြိုက်တယ်လေ.....ချောရဲ့ကိုယ်သင်းနံ့ကအစ လာဗင်ဒါနံ့လေးမလို့အကိုကတင်စားထားတာ....

🪻လာဗင်ဒါလေးမှ.....သူ့ဆီသို့🪻Where stories live. Discover now