ကုဋေရဲ့နောင်တ

0 0 0
                                    

မိဘတွေက မင်းသားလေးလို ထားထားလို့ မာနထောင်လွှားလွန်းတဲ့ ကိုယ့်ကို သူငယ်ချင်းတွေတောင် Prince ဆိုပြီး နောက်ပြောင်ကျီစယ်ခဲ့ပေမယ့် မင်းေလးကတော့ ကိုယ့်ကို King တစ်ယောက်လိုဆက်ဆံပေးခဲ့တာ ကိုယ်မျက်ကွယ်ပြုခဲ့မိတယ်။

Angle နတ်သမီးလေးလိုမျိုး အဆင်းရော အချင်းပါ ပြီးပြည့်စုံတဲ့ မင်းလေးကို ခဏခဏ နာကျင်ခံစားရအောင် လုပ်လို့ ကိုယ့်ကို မုန်းနေပြီလား။

နောင်တဆိုတာ နောင်မှရတယ်ဆိုတာ ကိုယ်မယုံကြည်ချင်ပေမယ့် ယုံလိုက်ရပြီ Angle။ မင်းထွက်သွားတဲ့နေ့ကတည်းက ကိုယ်မင်းကို တစ်ရက်ကလေးမှ မေ့မရခဲ့ဘူးလို့ပြောရင် မင်းကိုယ့်ကို လှောင်ရယ်နေမလား။

ကိုယ့်ရဲ့အချစ်၊ ကိုယ့်နှလုံးသား၊ ကိုယ့်ကံကောင်းမှုအားလုံးနဲ့ လဲလိုက်လို့ မင်းလေး ပြန်လာမယ်ဆိုရင် ကိုယ်ဘယ်အရာကိုမှ တက်မက်နေတော့မှာမဟုတ်ပါဘူး။

မင်းလေး ဘယ်နေရာရောက်ရောက် ပျော်ရွှင်နေပါစေလို့ ဆုတောင်းပေးစရာမလိုလောက်အောင် မင်းလေးက နေတတ်လွန်းလို့ ကိုယ့်မှာအကြိမ်ကြိမ်အခါခါ အထင်မှားခဲ့မိတယ်။

မင်းကို အမြဲတမ်းစောင့်နေရင်း မင်းဘယ်နေရာရောက်ရောက် ကိုယ့်ကို မြင်နိုင်အောင် ကိုယ်ကြိုးစားရှင်သန်နေပါတယ်။ မင်းကိုယ့်ကို မြင်ရင် တစ်ချက်လောက်ဖြစ်ဖြစ် ပြုံးသွားမလား၊ ရွံစရာကောင်ဆိုပြီး မျက်နှာလွှဲပစ်မလား ဆိုတာတောင်   မတွေးရဲလောက်အောင် .........

You've reached the end of published parts.

⏰ Last updated: Jul 16, 2024 ⏰

Add this story to your Library to get notified about new parts!

Right Person : Wrong TimeWhere stories live. Discover now