Episode -5

342 44 3
                                    

Unicode

" ကင်မ်ထယ်ဟျောင်းတို့အဖွဲ့မနေ့က ရန်ဖြစ်ကြတယ်တဲ့"

"တစ်ကယ်?"

"ဟုတ်တယ်ဆို ဂန်မင်ဟွန်း အိဆန်းယောင်း ဂိုမန်ဆူ ဒိုဂျန်ယောင်းတို့၄ယောက်လုံး ဆေးရုံတင်ထားရတယ်တဲ့ ဂိုမန်ဆူဆို သတိတောင်ပြန်မရသေးဘူးဆိုဘဲ"

"ဒါဆို ငါတို့ထယ်ဟျောင်းကရော"

"ထယ်ဟျောင်းအိုပါးက ဆေးရုံးမတက်ရဘူး အိမ်မှာဘဲ ဒါပေမယ်နေ့မကောင်းဘူးလို့ကြားတယ်"

မနေ့က အဖြစ်ပျက်၏နောက်ဆက်တွဲအား အတန်းဖော်မိန်းကလေးနှစ်ဦးအတင်းတုတ်နေသည်ကို ဆော့ဂျင်ငြိမ်နားထောင်ရင်း
ထယ်ဟျောင်းနေမကောင်းဘူးဆိုသည့်စကားကြားမိတော့ စိတ်လဲမကောင်းသလို စိုးရိမ်စိတ်လဲဖြစ်သွားသည်

ထယ်ဟျောင်းက သူ့ကြောင့်နေမကောင်းဖြစ်ရတာပဲဟု သူ့ကိိုယ်သူအပြစ်တင်မိသည်

"သူတို့နဲ့ရန်ဖြစ်တဲ့လူကဘယ်သူလဲ"

"မသိဘူးတဲ့ တစ်ယောက်မှမမှတ်မိဘူးတဲ့"

"မမှတ်မိဘူး?"

ဆော့ဂျင် သူ့ဘာသာကြားရုံမျှတိုးတိုးလေးရွတ်ဆိုလိုက်သည်
မနေ့က သူတို့၅ယောက်လုံးအရက်မူးနေတာလဲမဟုတ် ဟိုလူ့မျက်နှာကိုလဲကောင်းကောင်းကြီးမြင်ခဲ့ရက်နဲ့ ဘာလို့မမှတ်မိတာလဲဆိုတာ ဆော့ဂျင်ဦးနှောက်စားသွား၏

"ဟဲ့ သူတို့အဖွဲ့နဲ့ရန်ဖြစ်ရဲတဲ့လူက နယ်နယ်ရရတော့မဖြစ်နိုင်ဘူး"

"အေးနော် ဝန်ကြီးချုပ်သား ဆောက်လုပ်ရေးဝန်ကြီးရဲ့သား မြို့တော်ဝန်ရဲ့သား အချမ်းသာဆုံးtop3 စီးပွါးရေးလုပ်ငန်းရှင်ရဲ့သား နောက်ပြီး နိုင်ငံခြားရေးရာသံအမတ်ရဲ့သား အဲ့၅ယောက်လုံး ဆေးရုံရောက်အောင်ထိုးနိုင်တဲ့လူက တော်တော်မြင့်တဲ့လူပဲနေမှာ"

မိန်းကလေးနှစ်ဦး၏အကဲဖြတ်ချက်မှာ ဆော့ဂျင်မျောသွားခဲ့ပြီ
သူလည်းတစ်ကယ်ပင် ဟိုလူဘယ်သူလဲဆိုတာသိချင်မိသည်
ရာထူးရာခံမကြည့်ဘဲ လုပ်ချင်ရာလုပ်သူ
တစ်ညတည်းခိုဖို့ အကြွေးတွေအကုန်ဆပ်ပေးသည်ထိ ငွေကိုရေလိုသုံးသူက တစ်ကယ်ပင် သူ၏သရုပ်မှန်ကဘာများဖြစ်မလဲ စိတ်ဝင်မစားရာကောင်းလှသည်

You've reached the end of published parts.

⏰ Last updated: Jul 25 ⏰

Add this story to your Library to get notified about new parts!

A Heart of the DRAGON Where stories live. Discover now