Ch.1 ရွာအာဏာရှင်ရဲ့ ကြေကွဲဖွယ်သေဆုံးမူ့အပြီး

1.7K 80 1
                                    

Chapter - 1 (ရွာအာဏာရှင်၏ ကြေကွဲဖွယ် သေဆုံးမှုအပြီး)

နွေဦးရာသီဖြစ်သည့်အပြင် ထွန်ယက်စိုက်ပျိုးသည့် ကာလလည်း ဖြစ်သောကြောင့် ကမ္ဘာကြီးက တဖြေးဖြေး ပူနွေးလာသည်။ မြက်ပင်လေးများ ပေါက်လာသလို ငှက်ကလေးများကလည်း ပျော်ရွှင်မြူးထူးစွာ ပျံသန်းရင်း အဖူးအငုံလေးများ ထွက်နေသော သစ်ကိုင်းများပေါ်တွင် တေးသီကျူးနေကြ၏။ တောင်ကြားတစ်ခုလုံးက စိမ်းစိုနေပြီး စမ်းချောင်းများက ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေသလို နေမင်းကြီးကလည်း တောက်ပနေသည်။

တောင်တန်းများပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်လျှင် မြေအနေအထားအရ လူနေထူထပ် သိပ်သည်းသည့် ရွာများနှင့် လူနေကျဲပါးသော ရွာများကို တွေ့နိုင်သည်။

ချင်းရွှေရွာက ရွှမ်ဟယ့် စံအိမ်ကြီး၏ တောင်ဘက်အကျဆုံး နေရာတွင် တည်ရှိနေသော ရွာငယ်လေးတစ်ရွာဖြစ်သည်။

ထိုရွာလေးတွင် အိမ်ခြေပေါင်း နှစ်ရာခန့်ရှိပြီး များသောအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ကာ အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ယခုလိုအချိန်မျိုးဆိုလျှင် အိမ်ခြေတစ်ဝက်ခန့်က မြေထွန် ပေါင်းရှင်းပြီး သဘာဝအလျောက်ပေါက်နေသော ဟင်းသီးဟင်းရွက်များကို ခူးဆွတ်သည့် အလုပ်များဖြင့် စိုက်ခင်းများထဲတွင် အလုပ်ရှုပ်နေကြပြီဖြစ်သည်။

ထိုအချိန်တွင် အရပ်ရှည်ရှည်နှင့် ပိန်သွယ်သွယ် လူတစ်ယောက်က မလှမ်းမကမ်းဆီမှ ဒယီးဒယိုင် ခြေလှမ်းတို့ဖြင့် ချဥ်းကပ်လာသည်။ မျက်စိလျင်သော ရွာသူအချို့က ထိုလူ့ကို တွေ့သောအခါ လန့်ဖြန့်သွားကြပြီး ခြင်းတောင်လေးများထဲတွင် ခူးဆွတ်ထားသော အသီးအရွက်များကို အမြန် ကာကွယ်ကြသည်။

"ကျန်းမိသားစုက ကောင်လေး ဒီကိုထပ်ရောက်လာပြန်ပြီ..."

အခြားသူများကလည်း လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန် လုပ်နေကြသည်။
"သူ ဒီနား လာရဲလာကြည့်...."

စကားမဆုံးလိုက်မီတွင် အဝေးမှ တရွေ့ရွေ့ ချဥ်းကပ်လာသော ပုံရိပ်လေးက ဝုန်းကနဲ လဲကျသွားလေသည်။

After cannon fodder gong started framing (ဘာသာပြန်)Where stories live. Discover now