Ch 1.1

414 56 0
                                    

ဟယ့်ရှီမှာလည်း မျက်လုံးများနီရဲလျက် ဒေါသ​ထွက်နေကာ ကျန်းအဖိုးကြီးကို အော်လိုက်ချင်သော်လည်း ဤအိမ်ကြီးတွင် နေရမည့်အရေးကို စိုးရိမ်မိသည်။ လူတိုင်းကို စိတ်လိုက်မာန်ပါ ပြန်တုံ့ပြန်လို့မဖြစ်ပေ။

ထို့ကြောင့် အံကို တင်းတင်းကြိတ်ပြီး ဒူးထောက်ရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် လက်တစ်စုံက သူမကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး ကူတွဲပေးသည်။

"အမေ...သားတို့သွားရအောင်"
သူ့မျက်စိရှေ့မှ မြင်ကွင်းက ကျန်းပိုင်ယဲ့အတွက် စိမ်းသက်မနေပေ။ အတိတ်ဘဝတုန်းကလည်း မိခင်ဖြစ်သူက ကြမ်းပြင်ပေါ်တွင် ကြိမ်ဖန်များစွာ ဒူးထောက်ပြီး ခယတောင်းပန်ခဲ့သော်လည်း အဖိုးကျန်းက စိတ်မပျော့လာပေ။

ဤဘဝတွင်လည်း ထိုမြင်ကွင်းမျိုးကို သူ ထပ်ကြုံရပြန်သည်။

အဖိုးကြီးကျန်းက ရွဲ့တဲ့တဲ့ အမူအရာဖြင့် နှုတ်ခမ်းစွန်းတို့ တွန့်ကွေးသွားပြီး အံ့ဩသည့်ပုံမပေါ်ပေ။ သူ့မြေးအလတ်ကောင်က ဘာမှအရည်အချင်းမရှိသည့်အပြင် ဒေါသကလည်း ကြီးသေးသည်။

မနေ့က ဆေးမြစ်များနှင့် ဟင်းသီးဟင်းရွက်များခူးပြီး ပြန်လာရန် ပြောထားသော်လည်း ထိုမြေးအလတ်ကောင်က ဖျားချင်ယောင်ဆောင်ပြီး ပျင်းကြောဆွဲကာ အလုပ်​ကိုရှောင်နေမှန်း သူသိသည်။
ဘာလှည့်ကွက်တွေ သုံးနေလဲဆိုတာ သူကြည့်ရသေးတာပေါ့...

"သား..."
ရှားရှားပါးပါး သူမကို လှမ်းတားနေသော သားဖြစ်သူကြောင့် သူမ ဘာလုပ်ရမှန်းမသိဖြစ်သွားသော်လည်း သူမကိုယ်တိုင်မွေးထားသော သားလေး၏ ဆုံးဖြတ်ချက်ကို သူမပို၍တန်ဖိုးထားသည်။

လက်ထဲတွင် ဆေးတံကိုင်ထားသော အဖိုးကြီးကျန်းကို ကြည့်ကာ ကျန်းပိုင်ယဲ့ ပြောလိုက်သည်။
"ကျွန်တော်တို့ကို ပေးမယ်ပြောထားတဲ့ အစားအသောက်နဲ့ ပိုက်ဆံတွေရော ဘယ်မှာလဲ...."

အဖိုးကြီးကျန်းက ငါသိပါတယ်ဟူသော မျက်နှာအမူအရာဖြင့် ခပ်ထေ့ထေ့ ပြန်ပြောသည်။
"အခုတော့ အဲဒီလို စကားမျိုးပြောပြီပေါ့...မင်းမှာအရည်အချင်းရှိတယ်ဆိုရင် ငါတို့ဆီက ဘာမှမတောင်းနဲ့လေ..."

After cannon fodder gong started framing (ဘာသာပြန်)Where stories live. Discover now