Ch.2 ဇာတ်လိုက်ရဲ့ဘေးအိမ်သို့ရွေ့ပြောင်းခြင်း

396 66 0
                                    



အဖိုးကြီးကျန်း၏ မျက်နှာက ဖြူဖျော့သွားသည်။
အမြဲတမ်း ကြပ်မပြည့်သလို ဖြစ်နေသည့် မြေးအလတ်ကောင်က ထိုမျှလောက် တွေးတတ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

"အဲဒီတိရစ္ဆာန်တွေကို ခင်ဗျားကျွေးထားတာလည်း မဟုတ်ဘူး...ကျွန်တော်တို့ပဲ ကျွေးမွေးထားရတာ"

"ပြီးတော့ ဒီနှစ်တွေမှာ ကျွန်တော်တို့စိုက်ပေးခဲ့တဲ့ ကောက်ပဲသီးနှံတွေအားလုံးအတွက် ဒါလေးပဲပြန်ပေးတာလား..."
လေသံအေးအေးဖြင့် ပြောနေသော ကျန်းပိုင်ယဲ့ကြောင့် အဖိုးကြီးကျန်းမှာ အသက်ရှူများပင်ကြပ်လာသည်။

သူတို့မိသားစုကို တတ်နိုင်သမျှ ခပ်မြန်မြန် မောင်းထုတ်နိုင်ရန် ရွာသားများက စုဝေးလာကြကာ တစ်ယောက်တစ်ပေါက် အကြံများပေးနေ၏။

အဖိုးကြီးကျန်းမှာ စိုးရိမ်သောကတို့ကို ထိန်းချုပ်ပြီး ကျန်းမိသားစု၏ ပေါင်နှစ်ရာကျော် ဝက်နှစ်ကောင် ၊ ကြက်ကိုးကောင် ၊ ဘဲခုနစ်ကောင်နှင့် နောက်ထပ် ဝမ်နှစ်ရာကို ကျန်းပိုင်ယဲ့တို့အား ထပ်ပေးလိုက်ရသည်။

"တောင်ကုန်းအနောက်ဘက်က အိမ်ဟောင်းတွေက မင်းတို့အတွက်ပဲ...သန့်ရှင်းရေးလုပ်လိုက်ရင် လူတွေနေလို့ရလောက်ပါတယ်...ပြီးတော့ အဲဒီနေရာမှာ ဧကတစ်ဝက်ကျော်ကျော်လောက် မြေနေရာရှိသေးတယ်...လယ်စိုက်ချင်တယ်ဆိုရင် ဒီက ပစ္စည်းတွေယူသွား...ကျွဲနွားတွေငှားချင်လည်းငှားသွား..အလုပ်လုပ်ရတာပျင်းတယ်ဆိုရင်တော့..."

သူ့စကားမဆုံးမီ တည်ငြိမ်လေးနက်သော အသံကို ကြားလိုက်ရသည်။

"အဖေ...အမေ...ကျွန်တော်တို့ ခါတိုင်းသုံးတဲ့ အိပ်ရာတွေနဲ့ အဝတ်အစားတွေကိုပဲ ထုတ်ပိုးလာခဲ့
ပြီးတော့ သစ်သားဇလုံ ၊ ပန်းကန်လုံး ၊ တူတွေ ၊ အိုးတွေနဲ့ ပရိဘောဂတွေကိုရော နည်းနည်းပါးပါးယူခဲ့လို့ရတယ်..."

သူ့စကားအဆုံး ခပ်နိမ့်နိမ့် နံရံ အပြင်ဘက်တွင် ရပ်နေကြသော ရွာသားများပင်လျှင် ကျန်းပိုင်ယဲ့ကို တစ်ခါမှ မမြင်ဖူးသကဲ့သို့ လေးစားသည့်
အကြည့်များဖြင့် ကြည့်နေကြသည်။

ကျန်းတကျူးနှင့် ဇနီးဖြစ်သူမှာလည်း သားဖြစ်သူ၏ ရုတ်တရက် ညွှန်ကြားချက်ကြောင့် ကြောင်အသွားကြသော်လည်း ပြောသည့်အတိုင်း လိုက်လုပ်လိုက်ကြသည်။

After cannon fodder gong started framing (ဘာသာပြန်)Where stories live. Discover now