Episode 39 (1)

35.2K 1.8K 218
                                        

ဦးခေါင်းမှတဆစ်ဆစ်ထိုးကိုက်ခြင်းနှင့်အတူ လေးပင်ပင်မျက်လုံးတို့ဟာတဖြည်းဖြည်းချင်းပွင့်လာရသည်။ဆန့်တန်းလိုက်သည့် လက်တစ်ဖက်အား အလျင်အမြန်ပြန်ရုတ်လိုက်သော်လည်း ဘေးတွင်နေရာလွတ်သာရှိနေပြီး အိပ်ယာထတိုင်းမြင်တွေ့နေကျမျက်နှာပိုင်ရှင်ဟာ မနေ့ညကတော့တညလုံးကိုယ့်အနားတွင်ရှိမနေခဲ့။

အချိန်အားဖြင့် မနက် ၉နာရီနီးပါးရှိပြီဖြစ်ပြီး ရုံးချိန်လဲနောက်ကျနေ၍ ဆေးရုံကိုသွားရမည်လား Companyကိုသွားရမည်လား စဉ်းစားမရသော်ငြား အရေးကြီးတဲ့ Meeting ရှိသည်ကိုတော့သတိရမိသည်။အိပ်ယာမှကောက်ထပြီး စားပွဲပေါ်တင်ထားသည့် ဖုန်းကိုယူလိုက်တော့ ပထမဆုံးမြင်ရသည့် SMS ကြောင့် နောက်ကျိနေသောဦးခေါင်းဟာကြည်လင်သွားရ၏။

''Morning'' ဆိုသည့် စာတစ်ကြောင်းအောက်တွင်တန်းစီတွေ့ရပါသော မနေ့ကညက Accident နှင့်ပတ်သက်သည့်အကြောင်းအရာတချို့နှင့် အတူ ခွဲစိတ်မှု ၂ခုကိုတဆက်တည်းပြုလုပ်ခဲ့ရကြောင်းနှင့်ကျန်ရှိနေသေးသည့်ခွဲစိတ်မှုတစ်ခုကို OS နှင့်အတူ ဝင်ပေးရမည်ဖြစ်ကြောင်း အစရှိသဖြင့်ပြောထားပါသော စာများပင်။ပင်ပန်းနေလောက်ပြီ... ဒီကလေးဘယ်လောက်လိမ္မာပြီးအလုပ်ကြိုးစားသည့်ကလေးပါလဲ။

အိပ်ယာကနေထလိုက်ပြီးနောက် မျက်နှာသစ်ကာရေချိုးသန့်စင်၍ ရုံးတက်ရန်ပြင်ဆင်လိုက်သည်။မနက်စာမစားတတ်သည့်ကိုယ့်အတွက် သောက်နေကျcoffeeတစ်ခွက်ဖျော်သောက်လိုက်ပြီးနောက်ဒီနေ့ Schedule အတိုင်းဆေးရုံသို့သွားရန် အိတ်ကိုယူ၍အပြင်ထွက်လာသည့်အခါ ထုံးစံအတိုင်းသျှန်က ကားထဲတွင်စောင့်နေပြီး ကိုယ့်အားမြင်တော့တံခါးလာဖွင့်ပေးရန်ပြင်ချိန်တွင်။

''နေနေ...ကိုယ်ဖွင့်လိုက်မယ်''

ကိုယ်တိုင်တံခါးကိုဖွင့်လိုက်ပြီးကားအတွင်းသို့ဝင်လိုက်၍ Meeting နှင့်ပတ်သက်သည့်အချက်အလက်များကို သေချာလေးဖတ်ရသည်။ညကတစ်ညလုံးနီးပါးရွာသွန်းခဲ့သောမိုးသည် မနက်ရောက်သည့်အတိုင် အားမပျက်ရွာသွန်းနေပါသော်လည်း ညကလောက်မပြင်းထန်။

လက်ထဲကိုင်ထားသည့် Notepad ထဲမှ အချက်အလက်တစ်ချို့ထပ် ကိုယ့်အာရုံက ကားမှန်မှမိုးရေစက်များဆီတွင်သာရောက်ရှိနေပြီးတမျိုးတမည်ခံစားချက်ကိုရရှိနေ၏။

Day (Completed)Where stories live. Discover now