[၂၇၅] Arc|12| ဟွေ့ရှောက်ရယ်။

2.6K 340 14
                                    

Arc(12) ဟွေ့ရှောက်ရယ်(၁)။

Eနိုင်ငံ၊ Kမြို့တော်။

ထူထဲသောညရောင်အောက်၊ တိတ်ဆိတ်ကာလူသူကင်းမဲ့သောဆင်ခြေဖုံးလမ်းမကြီးပေါ်ဝယ် ဇိမ်ခံကားနှင့်ခပ်လျိုလျိုကားများကပျံဝဲသွားလျက် သူတို့၏ကားတာယာများကမြေကြီးကိုခပ်သွက်သွက်ကုတ်ခြစ်သွားကာ တဂျစ်ဂျစ်မြည်သံဖြစ်ပေါ်သွားစေသည်။

ဒရိုင်ဘာမှာကားကိုထိန်းချုပ်နိုင်စွမ်းရှိပုံမရဘဲ လမ်းဘေးအကာကိုရံဖန်ရံခါတိုက်မိလျက် ညရောင်အောက်မှာမီးပွားများဖြစ်ပေါ်သွားစေသည်။

နောက်ဆုံးမှာနောက်တစ်ခါတိုက်မိသွားပြီးနောက်ကားကလေထဲလုံးဝ​မြောက်ကာလိမ့်တက်သွားသည်။ ကားကပက်လက်ပြုတ်ကျလာပြီးနောက် မီတာလေးရာနီးပါးလိမ့်သွားပြီးမှရပ်တန့်သွားလေသည်။

သိပ်မကြာခင်ကားထဲမှသွေးများစိမ့်ထွက်လာပြီး ကားတံခါးမှာအတွင်းမှပွင့်လာသည်။ ဒရိုင်ဘာထိုင်ခုံမှာထိုင်နေသူသက်လတ်ပိုင်းအရွယ်ရည်မွန်သောအမျိုးသားကမျက်နှာထက်သွေးများနှင့်ခေါင်းငိုက်စိုက်ကျလို့နေသည်။

သူဟာသူ့ဖုန်းကိုရုန်းကန်ယူလိုက်ပေမဲ့ လိုင်းမမိသေးမှန်းသိလိုက်ရတော့သူမနေနိုင်ဘဲစိတ်ပျက်အားငယ်သွားသည်။

သွေးကတဖြည်းဖြည်းချင်းသူ့အမြင်အာရုံကိုဝေဝါးသွားစေကာ သူ့ခန္ဓာကိုယ်မှာအေးစက်စပြုလာသည်။ ခပ်လှမ်းလှမ်းကအနက်ရောင်သစ်သားများမှာအရာအားလုံးကိုဝါးမျိုချင်သည့်အလား ထူးဆန်းသောအရိပ်ကြီးတစ်ခုအဖြစ်ပြောင်းသွားသည်။

သူသေတော့မည့်အချိန်မှာသူ့လက်ချောင်းထိပ်များကသူ့အိတ်ကပ်ထဲရှိလုံးဝန်းဝန်းရွှေဒဂ်ါးပြားကိုထိမိသွားတော့ သူ၏မှေးမှိန်နေသည့်မျက်စိသူငယ်အိမ်မှာတောက်ပမှုတစ်စွန်းတစဖြစ်ပေါ်လာသည်။

သူဟာတစ်ခုခုမှတ်မိသွားပုံရပြီး အသက်ကယ်ကောက်ရိုးမျှင်ကိုဆုပ်ကိုင်လိုက်သည့်အလား ရှေးဟောင်းပုံသဏ္ဍာန်များထွင်းထုထားသည့်ရွှေဒဂ်ါးပြားကိုသူ့နှလုံးသားပေါ်ခက်ခက်ခဲခဲဖိကပ်ကာ အားနည်းသောအသံနှင့်ပြောလိုက်သည်။
"ကြီးမြတ်သော....အမှောင်နတ်ဘုရား....ကျွန်ုပ်ကျိန်ဆိုသောအနေနဲ့ ကျွန်ုပ်...ကျွန်ုပ်အရှင့်ကို...ကြွလာဖို့တောင်းဆိုပါတယ်၊ ကျေးဇူးပြုပြီးတော့၊ ကျေးဇူးပြုပြီးတော့...."

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now