အပိုင်း - 17 (Unicode)

925 29 6
                                    

'အား... မူးလိုက်တာ ...
ကျစ်   ငါ ဘယ်ရောက်နေတာလဲ..'

"သတိရပြီလား၊ မနက်ဖြန်မဂ်လာဆောင်ဆိုတော့ အရမ်းပျော်နေတယ်ပေါ့ဟုတ်လား၊ အဲ့လိုပျော်နေရမှာက မင်းမဟုတ်ဘူး ၊ ငါပဲ ဖြစ်ရမှာ၊ ငါ့အလင်းရောင်လေးVitaminကို ဘယ်သူမှမပေးနိုင်ဘူး၊ ဟား ဟား  ဟားးး သတ်ပစ်မှာ...သူ့အနားမှာ ငါကလဲွဲပြီး ဘယ်သူမှမရှိစေရဘူး......"

'ဘာတွေဖြစ်ကုန်တာလဲ၊ သူကြိုက်နေတာက ကိုကို့ကိုပေါ့၊ သူ့ပုံစံကြည့်ရတာကလည်း ပုံမှန်စိတ်မဟုတ်တော့သလိုပဲ၊ကြောက်တောင်ကြောက်လာပြီ၊ ကိုကိုရေ အမြန်လာခေါ်နော်...´ (စိတ်ထဲမှာရေရွတ်နေမိသည်)

"ငါ့မှာသူ့ကို ဘယ်လောက်တောင်ချစ်ခဲ့ရသလဲ သိလား၊ ဘာလဲ မင်းကအခုမှပေါ်လာပြီး ငါ့အပိုင်ကို လက်ထပ်မှာ ဟုတ်လား၊ ဆုတောင်းလိုက်လေ ပြည့်ချင်ပြည့်မှာပေါ့၊

Vitamin+မင်းမြတ်မောင်
(နံရံမှာ မှုတ်ဆေးဘူးနဲ့ရေးထားသောအရာ)

ဟိုက နံရံကိုကြည့်လိုက် အဲ့လိုမှ လိုက်ဖက်တာ တွေ့လား၊
မင်းကတော့ နန်းနောက်လိုက်ရတော့မှာ ဟား ဟား ဟား၊ နန်းသေတာထက်ကို ပိုဆိုးစေရမယ်၊ မင်းသိလား နန်းဆိုတဲ့မိန်းမက ငါ့အပိုင်ကိုလည်းလိုချင်တယ်၊ငါ့ကိုလည်း ဒုက္ခပေးဖို့ကြံရဲသေးတယ်၊  အဲ့လိုလူက လောကကြီးမှာ မလိုအပ်ဘူးလေ ဟုတ်တယ်မလား၊အဲ့ဒါကြောင့် ငါကိုယ်တိုင် ကားနဲ့မသေမချင်း တိုက်သတ်ပစ်ခဲ့တာ ၊ အခုတစ်ခါ မင်းအလှည့်ပေါ့၊ မင်းရော ဘယ်လိုနည်းနဲ့သေချင်လဲ"

"ခင်ဗျားရူးနေပြီ၊ သွက်သွက်ခါအောင်ကို ရူးနေပြီ

ရှိုင်းမရှိတော့ရင် ကိုကိုက ခဗျားကို ပြန်ချစ်လာမယ်ထင်လို့လား၊ အဟက် ...ပိုတောင်မုန်းသွားဦးမှာ၊ ကိုကိုက ခင်ဗျားလို လူသတ်သမားကို ချစ်မတဲ့လား..အဟက်..  "

ဖြောင်းး

"အာ့ "

"မင်းပါးစပ်ကိုပိတ်ထားလိုက်..!!
ငါမပိုင်ဆိုင်ရရင်တော့ ဘယ်သူမှမပိုင်စေရဘူး၊ အကုန်ဖျက်ဆီးပစ်မှာ
ဟား ဟား ဟားးး"

......................

"ခွန်းစက်.."

"ဟုတ်ကဲ့"

☀️Love = အချစ်🌻 (Completed) Where stories live. Discover now