🫧🎐
ကားမှန်ခေါက်သံကြောင့် သူ့မျက်ခုံးတို့အနည်းငယ်လှုပ်ရှားမိသည်။
"Sunoo hyung..ကျွန်တော့်ကိုနေရာချိန်းပေးလို့ရမလား။ Heesung hyung နဲ့ စကားပြောစရာရှိသေးလို့"
Earphones ကိုနားထဲထည့်ရုံသာထည့်ပြီး
မဖွင့်ထားတာကြောင့် တံခါးအပြင်မှလူရဲ့စကားသံကို ရှင်းလင်းစွာကြားရသည်။
သူမသိသာစွာ ခပ်မဲ့မဲ့ပြုံးမိလိုက်သည်။
သူနဲ့တုန်းကရှေ့ခန်းမှာထိုင်ဖို့ လေးညအိပ်ငါးရက်လောက်ပြောယူခဲ့ရတဲ့ သူကအခုမှပဲ Sunoo နဲ့နေရာလဲပေးဖို့ပြောတတ်တယ်ပေါ့လေ။"အမ်....ငါကနောက်ခန်းစီးရင် ကားမူးတတ်တယ်လေ။ Jungwon ရဲ့"
" အာ hyung ကလည်း အဲ့တာအရင်တုန်းကလေ ခုမူးချင်မှမူးတော့မှာကို..နော်
hyung ကလည်းလုပ်ပါ။"မှန်အပြင်ကနေ Sunoo ရဲ့လက်ကိုကိုင်ကာ
တစ်ကိုယ်လုံးလှုပ်၍ပြောနေပုံမှာ ဘောလုံးလိုလုံးပြီး လှိမ့်ကန်ပစ်ချင်စရာကောင်းလှသည်။ အဲ့တော့ မင်းက ငါနဲ့အတူမထိုင်နိုင်ဘူးဆိုတဲ့သဘောပေါ့လေ..."Heesung hyung.. အနောက်ကိုလာလိုက် ကျွန်တော်ကားမောင်းလိုက်မယ်။ "
"ဖြစ်ပါ့မလား Jongseong.. မင်းညကလည်းမအိပ်ရသေးလို့ ခုကားပေါ်မှာအိပ်မလို့ဆို"
"ရတယ် hyung မနက်က ဒီလာခါနီးခဏအိပ်လာတယ်။ မဟုတ်လည်းအိပ်လို့မရလောက်တော့ဘူးထင်တယ်"
"အင်း..ဒါဆို မင်းနားချင်ရင်ပြော
ငါတစ်လှည့်ပြန်မောင်းပေးမယ်"Jongseong လည်းခေါင်းအသာငြိမ့်ပြကာ ကားတံခါးကိုဖွင့်ရင်းဆင်းလိုက်သည်။ သူတံခါးဖွင့်ပြီးဆင်းတာနဲ့ နောက်ခန်းတံခါးကိုဖွင့်ကာ ဆွေ့ခနဲ့ဝင်ထိုင်သွားပုံမှာ အလွန်ကိုမုန်းစရာကောင်းလှသည်။ Yang Jungwon တို့ Professional မဆန်လိုက်ပုံများ။
..."Jungwon ပြောစရာရှိလို့ဆို ဘာပြောမို့လဲပြောလေ"
"အမ်..ဘာကြီးကိုလဲ။ Heesung hyung "
"မင်းပဲ စောနကပြောစရာရှိလို့ Sunoo နဲ့နေရာလဲခိုင်းနေတာလေ"
"အာ..အဲ့တာ ဟိုလူနဲ့အတူမထိုင်ချင်လို့လေ"
YOU ARE READING
Beginning Of The End (Jaywon)
Truyện Ngắn"ခင်ဗျားလည်း စိတ်ကုန်သလို ကျွန်တော်လည်းစိတ်ပျက်နေပြီ။ ဒီနားတင်ရပ်ကြတာပေါ့"