Ch 3.1

327 61 0
                                    

ထိုအခါ ဟယ့်ရှီက ကျန်းတကျူး၏ ရင်ဘတ်ကို ထုရိုက်ရင်း ရှိုက်သံများနှင့် ပြန်ပြောသည်။
"ချန်းဆွေ့က ဘယ်လိုလုပ်ပြီး ရှင့်ကို လိမ်ပြောမှာလဲ...ချန်းဆွေ့...အမေက သူတို့ကို သားရှေ့မှာ ပြန်တောင်းပန်ခိုင်းမှာ"

ကျန်းပိုင်ယဲ့လည်း မိဘနှစ်ယောက်ကို အမြန်နှစ်
သိမ့်ပြီး စိတ်အေးသွားအောင် သူ့အစီအစဥ်ကို ပြောပြလိုက်သည်။

သူ့အစီအစဥ်ကို နားထောင်ပြီးနောက် ကျန်းတကျူးနှင့် ဟယ့်ရှီတို့နှစ်ယောက်လုံး တဖြေးဖြေး စိတ်ဝင်စားလာကြသည်။ သူတို့၏ အဖိုးတန်သားလေးထံတွင် ထိုသို့သော အရည်အချင်းများရှိနေသေးမှန်း သူတို့ မသိသော်လည်း ယခုအချိန်တွင် သူတို့အတွက် အရေးအကြီးဆုံးအရာမှာ "သူတို့လည်း တဖန်မိသားစုထက် ပိုကောင်းတဲ့ ဘဝမှာ တကယ် နေနိုင်တော့မှာလား" ဟူသည့်အရာဖြစ်သည်။

သူတို့၏ အမြင်တွင် ကျန်းယွဲ့မင် စာမေးပွဲအောင်သွားသည်နှင့် သူတို့မိသားစုမှာ ယှဥ်နိုင်စရာအကြောင်းမရှိတော့ဟူ၍ တွေးထင်နေခြင်းဖြစ်သည်။

"စောင့်ကြည့်လိုက်...အခုအချိန်မှာ သူတို့ကိုယ်သူတို့ အရမ်းဂုဏ်ယူပြီး မာန်တက်နေကြတာ...နောက်တစ်ချိန်ကျရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး"

ဆုံးဖြတ်ချက်ခိုင်မာပြီး ယုံကြည်ချက်ရှိလွန်းနေသော ကျန်းပိုင်ယဲ့၏ ပုံစံကြောင့် ကျန်းတကျူးတို့ လင်မယားနှစ်ယောက်မှာ တစ်ခဏမျှ ကြောင်အသွားပြီး သူတို့သားက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်မိသည်။ တစ်ပြိုင်နက်တည်းတွင် သားဖြစ်သူပြောသည့်အတိုင်း အမှန်တကယ် ဖြစ်လာနိုင်လောက်လားဟူ၍ တွေးမိကြသည်။

"ကျွန်တော်တို့ မိသားစုသုံးယောက်လုံး အတူတူ ကြိုးစားမယ်ဆိုရင်...သူများထက် နောက်ကောက်ကျန်ခဲ့မှာ မဟုတ်ပါဘူး"
ကျန်းပိုင်ယဲ့ ထပ်ပြီး အလေးအနက်ပြောလိုက်သည်။

ထိုအခါမှ လင်မယားနှစ်​ယောက်မှာ လက်ရှိ အခြေအနေကို အနည်းငယ် သတိထားမိလာသည်။

သူတို့အချင်းချင်း ​စကားပြောနေရင်း မျက်စိတစ်မှိတ်အတွင်း မနက်ခင်းတစ်ပိုင်း ကုန်ဆုံးသွားပြန်သည်။

After cannon fodder gong started framing (ဘာသာပြန်)Where stories live. Discover now