Unicode
More than just a fantasy
Chapter.8
''ဟာ...နှင်းနဲ့ခတ္တာတို့လာပြီလား လာကြသူငယ်ချင်းတို့ မတွေ့တာကြာပြီနော်''
သူမတို့ကိုတွေ့သည်နှင့်မွေးနေ့ရှင်ကကြိုဆို၏။
''happy birthdayကြာဖြူ''
သူမလက်ထဲကလက်ဆောင်ဗူးလေးကိုပေးရင်းပြောလိုက်၏။
''လာထိုင်ကြ''
ထိုစဥ်
''နှင်း''
အသံနဲ့အတူ အုပ်စိုးကသူမနားရောက်လာပြီး
''နင်ရောလာမယ်ဆိုလို့ငါစောင့်နေတာ''
သူမမနှစ်မြို့ဟန်နဲ့စားပွဲမှာဝင်ထိုင်လိုက်တော့ခတ္တာကသူမဘေးမှာဝင်ထိုင်ပြီး
''အဲ့ကောင်ကအခုထိနင်မှနင်ပဲနော်''
''တော်ပါ''
အုပ်စိုးကသူမရဲ့တစ်ခြားတစ်ဖက်မှာဝင်ထိုင်ကာ
''နှင်း...ငါ့ကိုဖရန့်လက်ခံပေးဦးလေ ငါအပ်ထားတာကြာလှပြီကို''
''နင့်ကိုအမြင်ကပ်လို့ကိုတမင်လက်မခံတာ blockမပစ်တာပဲကျေးဇူးတင်''
''နင်ကလည်း ငါ့ကိုဆိုအခုထိရင့်ရင့်သီးသီးပဲနော်''
''အေး ဟုတ်တယ် ဘာလို့လဲဆိုတော့ငါကောင်လေးသိရင်စိတ်ခုမှာစိုးလို့''
''ဘာ! နင်ရည်းစားရနေပြီလား''
''ဟုတ်တယ်...နင်အခုလိုငါ့အနားလာကပ်နေတာကိုငါ့ကိုကိုသိရင်နင်မလွယ်ဘူး''
''ငါမကြောက်ဘူး...နင့်ကိုငါအရင်ချစ်လာတာ နေပါဦး နင့်ဘဲကဘယ်သူလဲ မဟုတ်မှ ဟိုတစ်ခါနင်နဲ့အတူတွေ့ခဲ့တဲ့ကောင်လား''
''ဟုတ်တယ်''
''အဲ့ကောင်ကနင့်ကိုငါ့လောက်ချစ်နိုင်လို့လား''
''သေချာတာတော့ငါ့ကိုနှစ်ဖက်မိဘတွေကိုအသိပေးပြီးတွဲတာ''
''အဲဒါလေးနဲ့ပဲနင်ကနင့်ကိုချစ်တယ်လို့ယူဆလိုက်ပြီပေါ့''
''ဒီမှာ သူချစ်လားမချစ်လားဆိုတာနင်ကငါ့ထက်ပိုသိမှာလား နင်သွားစမ်းပါအုပ်စိုးရယ် စိတ်ပျက်လိုက်တာ''
YOU ARE READING
More than just a fantasy(completed)
Fantasyချစ်လျက်နဲ့ဝေးကွာခဲ့ရတဲ့ချစ်သူနှစ်ဦးပြန်လည်ပေါင်းစည်းနိုင်ပါ့မလား...