မှူးရယ် အန်တီရယ် အန်တီစုရီရယ် အတူ ဧည့်ခန်းထဲရုပ်ရှင်ကြည့်ဖြစ်ကြသည်
မှူးနဲ့အန်တီက ဆိုဖာတစ်ခုထဲအတူတူထိုင်ရင်း မှူးကအန်တီ့ရင်ခွင်ထဲမှာမှီထားသည် အန်တီကတော့မှူးကိုနောက်ကနေဖက်ထားကာ မှူးခေါင်းပေါ်ကိုမေးတင်ထားသည်'ဟင်... ရုပ်ရှင်ကတစ်ဝက်မကျိုးသေးဘူး မုန့်ကကုန်သွားပြီ'
မှူးငြီးငြူလိုက်တော့ အန်တီကရယ်ကာ
'ကုန်မှာပေါ့ ရှင်လေးကရုပ်ရှင်ကြည့်တာနည်းနည်း မုန့်စားနေတာကများများကို'
'အန်တီကလဲ ဒီမှာပဲကုန်တာပါ ရေခဲသေတ္တာထဲမှာရော ဗီရိုထဲမှာရောရှိပါသေးတယ် မှူးသွားယူလိုက်မယ်'
'မှူး တို့အတွက် ကော်ဖီလေးတစ်ခွက်လောက်ဖျော်ပေးပါလား'အန်တီစုရီကမှူးကိုလှမ်းပြောသည်
'ဟုတ်ရတယ်လေ'
'အစေ့ကိုကြိတ်ပြီးဖျော်တာကိုပြောတာနော်မှူး'
'အာ....'မှူး အစေ့မကြိတ်ချင်ပါ ဒါပေမဲ့အန်တီက
'သူ့ကိုဖျော်ပေးလိုက်ပါ'
'ဟုတ် အန်တီ'မှူးအစေ့ကြိတ်နေတုန်း အိမ်ထဲကိုတစ်ယောက်ယောက်ဝင်လာတဲ့ခြေသံကြားသည်
'မမ'
အန်တီမယ့်အသံပင်
'ဘွားဘွားကခဏလာခဲ့ပါတဲ့'
'အင်း မှူးရေ'
'ရှင်အန်တီ'
'အဘွားခေါ်လို့ သွားလိုက်ဦးမယ်'
'ဟုတ်အန်တီ ဂရုစိုက်သွားနော်'
'တို့ သွားလိုက်ဦးမယ်စုရီ စောစောအိပ်နော်'
'အင်းလွှာ'လွှာနဲ့မယ်နှစ်ယောက် အိမ်မကြီးဆီလျှောက်လာရင်း
'ဘာကိစ္စလဲညကြီးမိုးချုပ်ငါ့ကိုအဘွားခေါ်ခိုင်းတာ'
'မသိဘူး'
'မယ်ရိုနီလာ နင်ဘယ်တုန်းကငါမေးတဲ့မေးခွန်းကိုဒီလိုပေါ့ပျက်ပျက်ဖြေလို့ရလို့လဲ ငါ့ရှေ့မှာသေချာလာရပ်ဖြေ'မယ်ကတော့ဂရုမစိုက်ပဲဆက်လျှောက်သွားလ်ိုက်သည်
လွှာကမယ့်ရဲ့လက်ကိုကိုင်ကာ သူ့ဘက်ကိုဆွဲလှည့်လိုက်ပြီး'ဖြန်း'
'နင်ဒါဘာစောက်ချိုးတွေချိုးနေတာလဲ မယ်ရိုနီလာ
ရှေ့တစ်ခေါက်ကတော့ နင်မူးနေလို့ဆိုပြီးငါသည်းခံလိုက်တယ် တစ်ခါပဲရမယ် နှစ်ခါသည်းမခံပေးနိုင်ဘူး'
'ဘယ်နှစ်ခါသည်းခံသည်းခံ စောက်ဂရုမစိုက်ဘူး ဂုဏ်သိက္ခာရှိတဲ့လူကြီးလူကောင်းတွေကိုပဲလေးလေးစားစားဆက်ဆံပေးနိုင်တယ် အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ရွံစရာစိတ်ဓါတ်နဲ့လူတွေကိုတော့မလေးစားပေးနိုင်ဘူး'
'နင်!'
ESTÁS LEYENDO
Lovestop(Complete)
Romanceမှူး-'ဟင့်အင် အန်တီကမှူးအပိုင်ပဲ' လွှာ-မင်းကသာငါ့အပိုင်ဖြစ်ခဲ့တာ ဘွဲ့မှူး ငါမင်းအပိုင်မဖြစ်ခဲ့ဘူး ငါကအမြဲစုရီအပိုင်ပဲ' မှူး-'အန်တီဘာသာ ဟန်စုရီဆိုတဲ့ကိုပိုချစ်ချစ်မချစ်ချစ် သူကမယားငယ်ကမယားငယ်ပဲ' လွှာ-'မယားငယ်! ဒါကမင်းတို့အမြင်အရပါကွာ တကယ်ဆို မင်းကသာs...