Ring~Ring~Ring~
Wonwoo စားသောက်ဆိုင်ကထွက်ထွက်လာချင်းပင် ဖုန်းမြည်သံပေါ်လာတာကြောင့် ဖုန်းကိုကိုင်လိုက်တော့ အဖေဖြစ်သူဆီကပင်
"အင်း အဖေ"
".........."
"ထပ်ပြီး လောင်းကစားတွေလုပ်ပြန်ပြီလား အဖေ့ကို ဒီလောင်းကစားတွေဆက်မလုပ်တော့ဖို့ပြောထားတယ်လေ အရင်အကြွေးတွေတောင် အခုထိမကျေသေးတာ နောက်အကြွေးတွေကထပ်တိုးလာပြီ"
".........."
"အခုလိုတဲ့ပိုက်ဆံထပ်လွှဲပေးလိုက်မယ် ဒီတစ်ခါနောက်ဆုံးပဲ နောက်တစ်ခါလောင်းကစားဆက်လုပ်နေဦးမယ်ဆို ကျွန်တော့်ဆီမဆက်သွယ်နဲ့တော့"
Wonwoo စိတ်ရှုပ်လွန်းလို့ ခေါင်းကဆံပင်များကိုဆွဲဖွမိလိုက်သည်အထိပင်။ ပိုက်ဆံမျက်နှာတစ်ခုတည်းကြည့်ပြီး လောင်းကစားအမြဲလုပ်နေတဲ့အဖေကြောင့် တစ်ခါတစ်လေ တကယ်စိတ်ပင်ပန်းမိသည်။ တက္ကသိုလ်စတက်ကတည်းက အချိန်ပိုင်းအလုပ်များလုပ်ကာ အဖေ့ရဲ့လောင်းကစားအကြွေးတွေကို ခုချိန်ထိဆပ်နေရခြင်းပင်ဖြစ်သည်။
.
.
.
.
.
သာမာန်နေ့ရက်တွေလိုပင် မနက်အိပ်ယာကနိုးတာနှင့် ရုံးသွားဖို့အတွက်ပြင်ဆင်ရတော့သည်။ ရုံးကိုရောက်တော့ ဓာတ်လှေကားထဲဝင်ဝင်ခြင်းပင် မန်နေဂျာဖြစ်သူနှင့် တွေ့လိုက်ရသည်။ သူ့ကိုမြင်တော့ နူးညံ့တဲ့ အပြုံးနှင့် စတင်နှုတ်ဆက်လာခဲ့သည်။"Morning Wonwoo"
"Morning မန်နေဂျာ"
"ရော့ ဒါ Wonwoo အတွက်"
Ice Americano တစ်ခွက်ကို လက်ထဲထည့်ပေးလာတဲ့ မန်နေဂျာဖြစ်သူကြောင့် Wonwooမှာ အားနာစွာဖြင့် ငြင်းရတော့သည်။
"အာ မဟုတ်တာ ကျွန်တော်ကရပါတယ်"
"သောက်လိုက်ပါ Wonwoo အတွက် ကိုယ်ဝယ်လာပေးခဲ့တာ"
"ဒါပေမယ့်...."
"Wonwoo မသောက်ဘူးဆိုရင် ကိုယ်စိတ်မကောင်းဖြစ်ရလိမ့်မယ်ထင်တယ်"
ငြင်းမရတဲ့အဆုံး Wonwoo လည်းအားနာနာနှင့်သာလက်ခံလိုက်ရတော့သည်။
"ကျေးဇူးပါ မန်နေဂျာ"
"ဒီနေ့အတွက်လည်း အားတင်းထားနော်"