အပိုင်း(၃)

10 2 0
                                    

နောက်တစ်နေ့မနက်တွင် ဆံပင်ရှည်လေးကိုဖြန့်ပြီး မီးခိုးရောင် ရင်စေ့လက်ရှည်ကို အမဲရောင်ချိတ်ထမိန်နဲ့ တွဲဖက်ဝတ်ဆင်ပြီး ခင်ကျောင်းဝင်းထဲလျှောက်လာသည်။ခင်ကလှလားမေးရင် အရမ်းပေါ့။အေးဆေးတည်ငြိမ်သည့်ခင့်စိတ်ထားလေးဟာ မျက်နှာပေါ်မှာပါထင်ဟပ်၏။လမ်းလျှောက်ပုံသာမက ခင်ရဲ့အတွင်းစိတ်ဟာလည်း နူးညံ့ညင်သာလှသည်။ကျောင်းဝင်းထဲ ခင်စဝင်ကတည်းက လူတွေအကြည့်တွေဟာ ခင့်ဆီကို ရောက်လာကြသည်။ခါတိုင်းနေ့လည်း အကြည့်ခံရပေမယ့် ဒီနေ့မှ တစ်မူထူးတဲ့အကြည့်နဲ့ခံနေရတော့ ခင်တစ်ယောက် အနေခက်ပေမယ့်လည်း တည်ငြိမ်စွာပင်အတန်းထဲထိလျှောက်ဝင်ကာ စာသင်ချိန်ကိုဖြတ်သန်းသွား၏။

"ခင် ရှင်သိလား ကျောင်းထဲကလူတွေက ရှင့်အကြောင်းတီးတိုးဆိုနေကြတယ်"

"ဟင် ဟုတ်လား"

"ဟုတ်တယ်"

"ခင့်အကြောင်းသူတို့ဘာတွေပြောကြတာလဲ စိုး"

ကန်တင်းထဲတွင်ထိုင်နေရင်း စိုးကခင့်အကြောင်း စကားစလိုက်သောကြောင့် ဝေကပါ မနေနိုင်၍ ဝင်မေးနေသည်။စိုးဟာ ကျောင်းတွင်းထဲပတ်လှည့်ကာ သတင်းရယူတတ်တာကြောင့် တစ်ခုခုဆို စိုးဆီကအရင်သိရတာများ၏။

"အော် ကိုမြန်မာပြည်ငြိမ်းလေ အဲဒါခင့်ကို စိတ်ဝင်စားနေတာတဲ့တော် ညကလည်း ကျုပ်တို့အဆောင်ရှေ့မှာ သီချင်းလာဆိုတာ သူလည်းပါတယ်တဲ့ ခင့်နာမည်တပ်ပြီး ဆိုတာကလည်း ကိုမြန်မာပြည်ငြိမ်းတဲ့လေ"

စိုးစကားကြားပြီးနောက် ဝေရဲ့စိတ်ထဲ ဘာကြောင့်မှန်းမသိ မတင်မကျဖြစ်လာသည်။အင်းပေါ့ ခင့်လို ရိုးရိုးယဥ်ယဥ်သူလေးတွေက ကဗျာဆရာ စာရေးဆရာများအတွက် မျက်စိကျချင်စရာပင်။ဝေသိလိုစိတ်နဲ့ မေးခွန်းတွေဆက်မေးနေသည်။

"စိုး နင်ပြောတဲ့ကိုမြန်မာပြည်ငြိမ်းကဘယ်သူလဲ"

"မြန်မာစာမေဂျာနောက်ဆုံးနှစ်က စာရေးဆရာပေါက်စတဲ့ နာမည်အရင်းက ငြိမ်းဝေဆိုလားပဲ သူ့ကလောင်နာမည်က မြန်မာပြည်ငြိမ်း မြန်မာပြည်ငြိမ်းဆို တစ်ကျောင်းလုံးကသိတယ် သူ့ကို"

ခွင့်လွှတ်နိုင်ရင်Where stories live. Discover now