"ဟာနူး..."
"မအော်နဲ့လို့ ငါ့ကို အဲလိုမအော်နဲ့ မကြိုက်ပါဘူးဆို"
"မအော်စေချင် မဆိုးနဲ့လေကွာ"
"ငါ ဘာဆိုးလို့လဲ ပြောတော့ ချစ်တယ်ဆိုပြီး
ဒါလေးတောင်မလိုက်လျောတဲ့မင်းကမှဆိုးတာ
မဟုတ်ဘူးလား? ပြီးတော့ ငါ့ကိုလည်းအော်သေး
တယ် မင်းကမှ လူဆိုးကောင်..ဟွန့်"လူကိုများ ဟွန့်ကနဲတောင်လုပ်လိုက်သေး၊ စဉ်းစား
ကြည့်ပါအုံးဗျာ...ကလေးမွေးစားချင်လို့တဲ့လေ၊
ကျွန်တော်က အလုပ်နဲ့မို့အဆင်မပြေသလို သူလည်း
အလုပ်နဲ့မို့အဆင်မပြေလို့ မဖြစ်နိုင်ဘူးပြောတာကို
စိတ်တွေဆိုးပြီး ကောက်နေတာ တစ်နေကုန်။"အင်း... ဒီတစ်ခါတော့ လူဆိုးပဲအဖြစ်ခံတော့မယ်"
"မောင်နော်... ငါမွေးစားချင်တယ်လို့ မွေးစားချင်
ပါတယ်ဆို၊ မင်းမထိန်းနဲ့ ငါပဲထိန်းမယ်လေနော်၊
ကလေးနဲ့ပတ်သက်တာအကုန်ငါပဲလုပ်မယ်လေ
မင်းက မွေးစားခွင့်လေးပေး...နော်...နော်""မရဘူး ဟာနူး၊ ဒါတော့ မောင် မင်းအလိုလိုက်
လို့မဖြစ်ဘူး၊ မင်းရော မောင်ရော အလုပ်နဲ့လေ
အဲဒီကလေးပိစိကို ဘယ်သူကြည့်ပေးမှာလဲ..?""ငါ အလုပ်ထွက်လိုက်မယ်လေ"
"ဘာ!!!"
"ဘာလဲ ဘာလို့အော်ပြန်တာလဲ မင်းပဲပြောတော့
မောင်ရှာကျွေးမယ် ဟာနူးဘာမှမလုပ်နဲ့ရတယ်ဆို
ခုကျ ငါအလုပ်ထွက်မယ်ဆိုတာနဲ့ ငါ့ကိုလာအော်
နေပြီပေါ့""မင်းကို မောင်အလုပ်ထွက်ခိုင်းတုံးက မောင့်စကားဘယ်နှခါနားထောင်လဲ? အကြောင်းအမျိုးမျိုးပြပြီး ငြင်းတာလေ၊ ခုကျ ကလေးတွက်နဲ့ အလုပ်ထွက်မယ်ပေါ့"
ကြားလို့ကောင်းကြလားဗျာ ကျွန်တော်အလုပ်ထွက်
ခိုင်းတုံးကကျ မင်းလည်းယောက်ျား ငါလည်းယောက်ျား မင်းလုပ်စာပဲ ထိုင်စားစရာလား ဘာညာနဲ့
စွာတာဆိုတာတအား၊ ခုကျမှ ထွက်မယ်ဆိုတော့
ကျွန်တော်က စိတ်မဆိုးဘဲနေမလား? မမွေးစားရခင်ကတည်းက ဒီကကောင်က နောက်ရောက်နေပြီဗျာ
မွေးသာမွေးစားပြီးရင် ကျွန်တော့်ဘဝမတွေးရဲစရာ၊
မဖြစ်ဘူး မဖြစ်ဘူး ဒိကိစ္စတော့ အလျှော့မပေးနိုင်ဘူး။
YOU ARE READING
မောင့်ဟာနူး
Fanfictionရယ်မောလိုက်တိုင်းပေါ်လာတတ်တဲ့ မောင့်မျက်နှာပေါ်က ကြောင်နှုတ်ခမ်းမွှေးလေးတွေက ငါ့ရဲ့ ပျော်ရွှင်ရာအသက်ဓာတ်လေးမို့ သူများတွေရှေ့ မင်းရယ်မောတဲ့အခါ မနာလိုရတာမို့ ကျေးဇူးပြုပြီး ငါ့ရှေ့မှာပဲရယ်မောပေးပါ။