အကိုက ကားပေါ်မှာအသင့်စောင့်နေသည်။ သူကတော့မာမီ့ရဲ့ သြဝါဒကိုမနက်တိုင်းခံယူပြီးမှ ကျောင်းကိုသွားရတာ နေ့စဥ်တာဝန်တစ်ခုလိုပင်။
ကားပေါ်ရောက်တာနဲ့အစ်ကို့ဘေးနားမထိုင်ချင်တာကြောင့် နောက်ခုံမှာဝင်ထိုင်တော့ အစ်ကိုကနောက်ကြည့်မှန်ကနေကြည့်လာတယ်။ ရဲရင့်ရောင်လဲ မျက်စောင်းတစ်ချက်ထိုးကာ ဖုန်းကိုကြည့်နေလိုက်တယ်။
" ရောင်ရောင် ဘေးနားလာမထိုင်ဘူးလား။ "
ရဲရင့်ရောင်အစ်ကို့စကားကိုလျစ်လျူရှု့လို့ တမင်းမကြားချင်ယောင်ဆောင်နေလိုက်တယ်။
အစ်ကိုကဘာမှမပြောတော့ပဲ ကားကိုမောင်းထွက်လာတယ်။ တိတ်ဆိတ်သွားတဲ့လေထုကြောင့် ရဲရင့်ရောင်ဖုန်းကြည့်နေရာကနေ အစ်ကို့ကိုခိုးကြည့်မိတယ်။ အကိုကသူခိုးကြည့်နေတာကို သတိထားမိသွားကာ ပြုံးနေတာကိုတွေ့ရတယ်။" အ့...ဘာလို့ကားကိုအရှိန်ကုန်ဘရိတ်အုပ်လိုက်တာလဲ။ "
" ရှေ့လာမထိုင်လို့ တမင်လုပ်လိုက်တာ။ "
ခပ်တည်တည်ပဲပြောလာတဲ့အစ်ကို။ နာသွားတဲ့နှဖူးကိုလက်ဖဝါးလေးနဲ့ပွတ်လိုက်တယ်။ အစ်ကိုကတော့ ဘာရယ်မဟုတ်တဲ့စကားလေးတစ်ခွန်းကိုပြောလိုက်ပေမယ့် ရဲရင့်အောင်နှလုံးသားလေးကတော့ လိပ်ပြာလေးတွေဝဲပျံသွားသကဲ့သို့ တုန်ခါမြည်ဟီးသွားရတယ်။
ရဲရင့်ရောင် အစ်ကို့ကိုမျက်စောင်းတစ်ချက်ထိုးလိုက်တယ်။ တော်သေးတာပေါ့။ ကားဆောင့်ရပ်လိုက်တဲ့အချိန် နောက်ကကားတစ်စီးလိုက်ပါမလာလို့ မဟုတ်ရင်နောက်ကကားကဝင်တိုက်သွားနိုင်တဲ့အနေအထား။" ကားမောင်းတော့လေ။ "
" ရှေ့လာထိုင်ရင် မောင်းမယ်။ "
" မထိုင်ဘူး။ "
" ဒါဆိုကိုယ်လဲမမောင်းဘူး။ "
အိပ်ရာထလို့နောက်ကျနေတဲ့ကျောင်း။ ကားဘရိတ်ကိုနင်းပြီး ကားစက်သပ်လိုက်တဲ့အစ်ကိုက သူရှေ့ကိုလာမထိုင်မချင်း ကျောင်းလိုက်မပို့ဘူးဆိုတဲ့ သန္ဒိန်ချထားသလိုပင်။
ရဲရင့်ရောင်ကားနောက်တံခါးကိုဖွင့်ကာ ရှေ့ကိုပြောင်းထိုင်လိုက်တယ်။