Pt.22

464 97 115
                                    

"မင်းကိုမွေးထားတာ ငါ့ကိုပြန်စော်ကားဖို့ မဟုတ်ဘူး ကင်မ်ထယ်ယောင်း.... ငါတရား၀င်ယူထားတဲ့မိန်းမကို မင်း အော်လားဟစ်လားနဲ့ခြိမ်းခြောက်တာက ငါ့နားရွက်ကို တံတွေးတက်ဆွတ်နေတာပဲ"

"ဟက်... မွှန်တာလည်း ကြည့်ကျက်မွှန်ပါဗျာ... ဘယ်သူကဘယ်သူ့ကို အရင်စော်ကားတာလဲလို့"

သွားနှင့်နှုတ်ခမ်းအတွင်းသားထိမိကာ  ပေါက်သွားသည်မို့ ငန်ကျိကျိသွေးစတချို့ကို ထွေးထုတ်ကာ ထယ်ယောင်း မခိုးမခန့်ပြန်ပြောလိုက်သည်...

ဆော့ဂျင်ကတော့ ခုထိ သူ့ရှေ့ကလူနှစ်ယောက်ကိုကြည့်ကာ ကြက်သေ,သေနေမိသည်...

အရပ်အမောင်း၊ ရုပ်ချင်းဆင်လှသလို အသံလည်းတူလှသည့် ဤလူနှစ်ယောက်သည်  စကားပြောရင် လက်ပါတတ်တာလည်း တူပုံရသည်.... အနားတွင် ပြန့်ကျဲနေသည့် ရေကရားအပိုင်းအစ၊ ခွက်များ၊ တစ်ရှူးအလိပ်များ၊ ဇွန်းတချို့က ရုပ်ပျက်ဆင်းပျက်...

"မင်းကမှမွှန်နေတာ... ဘာမဟုတ်တဲ့ကောင်အတွက်နဲ့ မွှန်နေတာ"

သူ့ကို ရှေ့တည့်တည့်ထားပြီး ပြောလိုက်သည့် Mr Kim ၏စကားများကြောင့် ဆော့ဂျင်မှာ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားသည်... ကွယ်ရာမှာပြောတာတောင် မဟုတ် သူ့ကို အရှေ့မှာပေါ်တင်ထားပြီး ပြောတယ်ဆိုကတည်းကိုက သူဘယ်လိုဖြစ်သွားမလဲဆိုတာ လုံး၀ဂရုမစိုက်လို့ကို ပြောတာပေါ့....

"ခင်ဗျား-"

ထယ်ယောင်း၏အင်္ကျီရင်ဘတ်စကို ဆွဲဆုပ်ကိုင်ကာ ပြောနေသည့်Mr Kim၏ လက်များကို ထယ်ယောင်း တင်းတင်းကျပ်ကျပ်ပြန်ဆုပ်ကိုင်လိုက်ချိန်တွင်...

"ထယ်..."

ဆော့ဂျင်က တုန်ရင်နေသည့်အသံနှင့်အတူ  အပြန်အလှန်ချုပ်ကိုင်ထားကြသည့် သူတို့သားအဖကြားမှ ထယ်ယောင်း၏လက်ကို လှမ်းဆုပ်ကိုင်လိုက်သည်...

"တော်ပါတော့ ထယ်ယောင်း... ငါတောင်းပန်ပါတယ်"

ဒေါသမီးလျှံကိုယ်စီကြောင့် အပူငွေ့များကိုပင် ခံစားလို့ရနိုင်သည့် Kim သားအဖနှစ်ယောက်ကြားတွင် ဆော့ဂျင် ညှပ်နေကာဘယ်တုန်းကကျလာမှန်းမသိသည့် မျက်ရည်များက အမြင်အာရုံကိုပင် ဝေ၀ါးလာစေသည်....

𝐊ɪᴍWhere stories live. Discover now