Chapter 51

870 133 5
                                    

Unicode

ကုပိုင်သည် အစစ်အမှန်လက်တွေ့ကမ္ဘာရှိ တောတွင်းခရီးတွင် များစွာရိတ်သိမ်းနိုင်ခဲ့သည်။ သစ်တောကသေးငယ်ပြီး စားသုံးနိုင်သော ပါဝင်ပစ္စည်းများ အများအပြားမရှိသော်လည်း ထိုနေရာတွင် ကန်စွန်းဥများကို တွေ့လိုက်ရသည့်အတွက် သူ အံ့အားသင့်သွားမိ၏။

ဤတောအုပ်သည် ဒုတိယမြောက်ကမ္ဘာတွင် သူမြင်ဖူးခဲ့သော တောအုပ်မဟုတ်သော်လည်း အမျိုးအစားတော့ အတူတူပင်။ သို့သော် ကန်စွန်းဥများ၏ တည်ရှိမှုသည် ကုပိုင်ကိုအားတက်စေခဲ့လေသည်။ သူ ဤကန်စွန်းဥများကို အစားအစာအဖြစ် စားသုံးနိုင်ပြီး အစေ့အဆန်များအဖြစ် အသုံးပြုနိုင်ကာ ၎င်းက နောက်ပိုင်းတွင် သူ့လယ်ထဲ အနည်းငယ်ပြန်စိုက်နိုင်သည်ဟု ဆိုလိုသည်။

ထို့အပြင် ကြွက်များကိုလည်း စားသုံး၍ရသည်။ သဘာဝအစားအစာမရှိဘဲ အချိန်အတော်ကြာနေခဲ့ရပြီးနောက် ကြွက်များကပင် သူ့အတွက် အတော်လေးအရသာရှိပုံပေါက်၏။

ကုပိုင်နှင့် အိမ်တော်ထိန်းကုတို့ ကန်စွန်းဥများအားလုံးတူးပြီးသောအခါ မှောင်နေပြီဖြစ်သော်လည်း ဒါက သူတို့၏ ကောင်းမွန်‌နေသော စိတ်အခြေအနေကို လုံးဝမထိခိုက်စေပေ။

"သခင်လေးပိုင် သူတို့က ဗီဇပြောင်းအာလူးတွေလား" အာလူးနှင့် အနည်းငယ်ဆင်တူသော်လည်း အရောင်ကွဲပြားသော ကန်စွန်းဥများကိုကြည့်ပြီး အိမ်တော်ထိန်းကု မေးလိုက်မိသည်။

"မဟုတ်ဘူး၊ ဒါကို ကန်စွန်းဥလို့ခေါ်တယ် အာလူးလိုပဲ ကျွန်တော်တို့က အဲဒါတွေကို အဓိက အစားအစာအဖြစ် ယူဆလို့ရတယ်၊ ဒါပေမယ့် သူတို့ကပိုကောင်းတယ်" ဟု ကုပိုင်က အတိုချုံး မိတ်ဆက်ပေးလိုက်၏။

"ကန်စွန်းဥလား အဘိုးတို့ခေတ်မှာ အဲ့လိုခေါ်တဲ့ ဟင်းသီးဟင်းရွက်မျိုး ရှိတယ်မထင်ဘူး စားလို့ကောင်းလား" အိမ်တော်ထိန်းသည် ကုမိသားစုတွင် အချိန်အတော်ကြာနေခဲ့ပြီး ချက်ပြုတ်ခြင်းအတတ်ပညာနှင့် ပါဝင်ပစ္စည်းများအကြောင်း များစွာသင်ယူခဲ့ရသော်ငြား ကန်စွန်းဥကိုတော့မသိပေ။

"ဒါပေါ့ ကျွန်တော်တို့ပြန်ရောက်ရင် အဘိုးအတွက်ချက်ပေးမယ် အံ့သြသွားမှာ သေချာတယ်" ကုပိုင် ယုံကြည်မှုအပြည့်နှင့် ပြောလိုက်၏။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now