မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ(Season2)part2

5.6K 96 0
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮ဒုတွဲ

(အခန်း၂)(Unicode)

"အယ်လီနာ ဒီနေ့သူနဲ့တွေ့ရမယ်"

"သူနဲ့..."

အယ်လီနာကမျက်လုံးလေး
တစ်လက်လက်ဖြင့်သူ့ကိုမော့
ကြည့်၍မေးခွန်းထုတ်လာသည်။

"အင်း Andrayနဲ့လေ"

"ဟင်!!..."

သူနဲ့တွေ့ရတော့မည်ဆိုသော
အသိကြောင့် ဖွဲ့ရင်တွေခုန်လာရသလို
မျက်ရည်လေးများပင်ဝဲတတ်လာရသည်။

"ငါ့ကိုစိတ်ချလက်ချလွှတ်မှာပေါ့
ဟုတ်လား"

"မင်းအခုဆိုအရာရာကျွမ်းကျင်နေပြီပဲ
မင်းကိုယ်မင်းလဲကာကွယ်နိုင်ပြီ"

ပြောမယ့်သာပြောရပေမယ့်
စစ်တုဘုရင်သူမကိုစိတ်မချပေ။
အချိန်ကသုံးနှစ် ထိုသုံးနှစ်အတွင်းမှာ
သူမနဲ့အနီးကပ်ဆုံးအတူနေခဲ့ရသူက
စစ်တုဘုရင်ပင်။

သူမကိုစတွေ့ကတည်းကပင်
စွဲလမ်းခဲ့မိသည်မို့ ခေါ်လာခဲ့ခြင်းပေ
ဒဏ်ရာတွေနဲ့လဲကျနေသည့်သူမဟာ
သူ့မျက်ဝန်းထဲသနားစရာကောင်းသလို
ရင်ခုန်စရာလဲကောင်းခဲ့သည်။

သူမဖြစ်စေချင်သလိုသုံးနှစ်လုံးသူမကို
သူကိုယ်ခံပညာကအစ သေနတ်ပစ်နည်း
များနဲ့ သူတို့လောကအကြောင်း
အားလုံးသင်ပေးခဲ့သည်။

သူမဟာအခုချိန်မှာတော့
သူစိတ်ချယုံကြည်ရသည့်အမျိုးသမီး
တစ်ဦးဖြစ်နေခဲ့ချေပြီ။သူမနာမည်ကိုလဲ
သူကိုယ်တိုင်ပင်ပြောင်းပေးခဲ့သည်။

"တစ်ခုတော့မင်းသတိထားနော်
အယ်လီနာ Andrayကတစ်ခုခုဆို
လက်မနှေးဘူး"

"အင်းပါ ငါသတိထားပါမယ်"

ပြုံးကာပြောနေသည့်သူမအပြုံး
များဟာသေလောက်သည်။မင်းသိပ်လှတာပဲအယ်လီနာ မင်းကိုငါပိုင်ဆိုင်ချင်မိတယ်
ငါတို့ကိစ္စတွေအားလုံးပဆုံးသတ်ပြီးရင်
ငါမင်းဆီကတရားဝင်ခွင့်တောင်းမယ်
မင်းကိုလက်ထပ်ပါရစေလို့။

"အချိန်ကရောဟင်ဘုရင်.."

"ခဏနေသူတို့ပစ္စည်းတင်လာတဲ့
ထရပ်ကားဝင်မှာဆိုတော့ အဲကိုအရင်
သွားရမယ်လေ ပြီးတာနဲ့
တန်းပြီးတော့သွားလိုက်ပေါ့"

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}စဆုံးWhere stories live. Discover now