P-4

211 24 0
                                    

Wonwoo အိမ်ပြန်ရောက်တော့ ဟိုလူက မေးခွန်းတစ်ခုမေးတယ်။

"ခုနက ဘယ်လိုခေါ်လိုက်တာလဲ?"
"အမ်?ဟမ်...အော် Mingyuလေ"
"ဟုတ်လား ငါနားကြားမှားတာများလား??"
"ဘာလို့လဲ?"
"အော် ဘာမှမဟုတ်ဘူး ကျတော်အိပ်ပြီနော်"

Mingyu အပေါ်တက်သွားမှ Wonwoo လည်း သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ခေါက်ဆွဲပြုတ်ပြီး Queen of tear ကြည့်နေလိုက်သည်။

Mingyu တစ်ယောက်အိပ်ရာထဲမှာအိပ်လိုက်၊ထထိုင်လိုက်နဲ့ အလုပ်ရှုပ်နေသည်။

"နေပါဦး သေချာပေါက် ဒါလင်....‌ဆိုလားခေါ်ပါ---"

ကျီ!

ပြတင်းပေါက်တံခါးပွင့်လာတဲ့အသံပင်။mingyu ကတော့ကျောက်ရုပ်အလားထိုင်ကြည့်နေခဲ့တယ်။ ကြက်သီးတွေထနေပြီး လူကလှုပ်လို့မရတော့သလိုပဲ။ Mingyu ပြတင်းပေါက်ကကြည့်ရင်မြင်ရတဲ့ သစ်ပင် ကြီးပေါ်မှာ အဖြူရောင်အရိပ်လေးက နောက်ကျောပေးပြီးထိုင်နေတာကိုမြင်ရတယ်။ အမှောင်ထဲမှာမို့သိပ်တော့မမြင်ရပေမဲ့ ယောကျားလေးဖြစ်လိမ့်မည်။

ဂျိမ်း!

ပြတင်းပေါက်တံခါးပြန်ပိတ်သွားရော Mingyu လည်းအောက်ကိုဆင်းပြေတော့တာပေါ့။

//

အပေါ်ကနေပြေးဆင်းလာတဲ့ လူကို Wonwoo ကြောင်တောင်တောင်ပုံစံဖြင့်ကြည့်လိုက်သည်။

"သစ်ပင်...သစ်ပင်...ပေါ်မှာလူထိုင်နေတယ်"
"ဟမ်?!"

စားထားတဲ့ခေါက်ဆွဲတောင်ပြန်ထွက်ချင်သွားတယ်။

"ညဘက်ကြီး အဲ့လိုမနောက်ရဘူး---"

ဒုန်း!ဒုန်း!

အပေါ်ကနေတစ်ခုခုကိုထုနေသလိုအသံမျိုး။ Wonwoo လည်းမျက်လုံးအပြူးသားလေးဖြစ်သွားရသည် ရှိတာမှနှစ်ယောက် နှစ်ယောက်လုံးအိမ်အောက်မှာလေ။ အပေါ်က ဘယ်သူလဲ?

"ဘယ်...ဘယ်သူရှိ..သေးလဲ?"

Wonwoo ဟိုလူကိုကြည့်မေးတော့ သူက ခေါင်းခါပြတယ်။
အဲ့အချိန်မှာ မီးကပါပျက်သွားတယ်။

"အား!!!!!!!!!"

Wonwoo ခြေထောက်ကိုစားပွဲအောက်က လာဆွဲသလိုဖြစ်တာကြောင့် ခုန်လိုက်တာ ကြမ်းပြင်နဲ့မျက်နှာမိတ်ဆက်ရမဲ့အစား သူ့ကို တစ်ယောက်ယောက်ကဖမ်းထားပေးသလို ခါးမှာရစ်ပတ်နေတဲ့ လက်တစ်စုံရယ်။နွေးထွေးတဲ့ရင်ခွင်ရယ်။ Wonwoo မျက်လုံးပင်မဖွင့်

မီးပြန်လာတဲ့ အချိန်။ Mingyu သူ့ရင်ထဲက ပိစိကိုငုတ်ကြည့်တော့ မျက်လုံးကြီးကိုအသေမှိတ်ထားတာ ။ မျက်မှန်လည်းမပါဘူး။အေးပေါ့ ကြောင်လိုခုန်ပြီး သူ့ဆီတည့်တည့်မတ်မတ်ကြီးရောက်လာတာဟာ။ အခုပုံစံက Wonwoo ခြေထောက်က Mingyu ခါးကိုချိတ်ထားပြီး၊လက်တွေက Mingyu လည်ပင်းကိုဖက်ထားပြီး မျက်လုံးကိုတင်းနေအောင်ပိတ်ထားတာလေ။ Mingyu က Wonwoo ခါးကိုဖက်ထားပြီး အဲ့နားမှာတောင့်တောင့်ကြီးရပ်နေတာ။ ဘာလို့လဲဆိုတော့....စားပွဲထောင့်နားကနေ သူ့တို့ကိုရပ်ကြည့်နေတဲ့ သရဲမကြီးကြောင့်လေ။

"Jo....Jeon......wo .. Wonwoo မျက်..လုံးမဖွင့်နဲ့နော်"
"ဟမ်?ဘာလို့လဲ"

Wonwoo မေးခွန်းကိုပြန်မဖြေပဲ အိမ်ပေါ်ထပ်ကျု ချီရက်နဲ့ပြေးတက်လာရတော့တာပေါ့။ ပြီးတော့ Wonwoo အခန်းထဲကိုဝင်လာကာ တံခါးလော့ချလိုက်သည်။

"ခင်ဗျား ကျတော့အပေါ်ကဆင်းဖို့စိတ်ကူးရှိလား?"
"ဟမ် အော် ဟုတ်သားပဲ"

အဲ့တော့‌မှခုန်ဆင်းသွားသည်။ခုနကအကြောင်းပြောပြတော့ မျက်လုံးအဝိုင်းသားနဲ့ ကြောက်နေတဲ့ရုပ်လေးက အား!! ချစ်စရာလေး။ဟမ်?နေပါဦး ချစ်စရာလေး ရားးးးးးkim Mingyu သတိကပ်စမ်း သူကယောကျားလေးနော် သတိကပ်။Kim Mingyu is forever straight

"ဒါပေမဲ့ ငါ့မျက်မှန်က အောက်မှာလေ"
"ဟာ......ကိုယ့်ဘာဆင်းယူဗျာ"
"ဟာ မင်းတောင်ဆင်းရဲလို့လား?"
"No, I can't"
"အာ......ငါတကယ်မမြင်ရပါဘူးဆိုနေမှ"
"မမြင်ရရင်မကြည့်နဲ့လေ"
"ရတယ် ကို့ဘာသာဆင်းရှာမယ် ငါအောက်ဆင်းနေတုန်းသရဲမက မင်းကိုဂုတ်ချိုးသတ်သွားလိမ့်မယ်"

ပြောပြီး အခန်းထဲကဆောင့်အောင့်ထွက်သွားတယ်။သူလည်းအနောက်ကပြေးလိုက်ရတာပေါ့ ကြောက်အောင်ခြောက်သွားပြီးထားခဲ့တော့ အဆင်တွေပြေနေရောပဲ။

------+------+------+--------+---------+---------+---------+

Update 🤞🏼
Louisiana ✌🏼

ပြန်ပေါ်လာပါပြီလို့ Eco ကို ဘာတွေဖြေလိုက်မှန်းမသိပေမဲ့ 97 မှတ်ဆိုတော့သက်ပြင်းချနိုင်တာပေါ့။

You've reached the end of published parts.

⏰ Last updated: Aug 08 ⏰

Add this story to your Library to get notified about new parts!

Love Written By GostsWhere stories live. Discover now