ကြမ်းတမ်းသောအမှောင်ညများ-(Part-10)🚨🚨
ခြေထောက်တွေ ဒယီးဒယိုင်နဲ့ အပေါ်ထပ်ကိုရောက်အောင်လာခဲ့သည်။ အခန်းတံခါးလေးအား ခေါက်ကြည့်တော့ ဖွင့်ပေးမယ့်သူကနတ္ထိ။
ဟာဒီလိုလုပ်လို့ရမတဲ့လား..တံခါးကို ဘယ်လောက်ပဲထုထု အထဲက သူမက လုံးဝဖွင့် မပေးတော့ ကြိုယူထားတဲ့ အခန်းသော့နဲ့ပဲ ကိုယ့်ဘာသာကိုယ် ဖွင့်၍ အခန်းထဲကို ဝင်လာခဲ့သည်။ အခန်းထဲရောက်တော့ သူမလေးက အိပ်ရာလေးပေါ် ကွေးကွေးလေး နှစ်ခြိုက်စွာအိပ်မောကျနေသည်။
ကြည့်ရပုံ အခန်းတံခါးကို လော့ချထားတာကြောင့် အထဲကို သူ မဝင်လာနိုင်ဘူးအထင်နဲ့ နှစ်ခြိုက်စွာ အိပ်မောကျနေတာဖြစ်မည်။ အိပ်ပျော်နေတဲ့ သူမလေးကို စိတ်ရင်းအတိုင်းသာဆို ဒီတိုင်းမနိုးဘဲ လွတ်ထားမိမှာဆိုပေမဲ့ တန်ဖိုးရှိ လှတဲ့မင်္ဂလာညလေးကိုတော့ ဒီအတိုင်းလက်လွှတ်ခံဖို့ ဘယ်ဖြစ်ပါ့မလဲ။
''ဒေါင်းလေး ဒေါင်းကလေး ကိုယ့်ရဲ့ဒေါင်းကလေး..''
ပခုံးလေးကနေ အသားလှုပ်နိုးတော့ အိပ်မှုံစုံမွှားနဲ့အိပ်ရာကနိုးထလာသည်။ အိပ်ရာနိုးနိုးချင်းမို့ မျက်လုံးတွေက သေချာမပွင့်နိုင်သေး။ ခဏလောက်ကြာတော့မှ မျက်လုံးတွေ ကြည်လင်သွားပြီဆိုတော့မှ အရှေ့မှာရှိနေတဲ့ သူ့ကို မြင်တော့ လန့်လန့်ဖြတ်ဖြတ်နဲ့ ကုတင်ဘေးတိုးကပ်ရှောင်ပစ်သည်။
သရဲ တစ္ဆေကျနေတာပဲ..
စရံလေးပဲ ကြိုယူထားတာမို့ပါ အလုံးစုံသောသူရဲ့စိတ်ဆန္ဒတွေကို ပြပေးလိုက်ရင် မျက်နှာချင်းတောင်ဆိုင်ရပါ့မလားမသိ။
'' ဘာလို့တံခါးကိုလော့ချထားတာလဲ''
''ကိုကြီးဝင်လာမှာစိုးလို့''
သူမကလည်းမညာတတ်ပါဘူး အမှန်အတိုင်းပဲပြောလာခဲ့သည်။ သူဝင်လာမှာစိုးလို့တဲ့..
အိတ်ထဲက အခန်းသော့လေးကို မြှောက်ပြပြီး..
''ကိုယ့်မှာသော့မရှိဘူးထင်လို့လား မိန်းမကကွာ ရက်စက်လိုက်တာ''
''ဘာမိန်းမလဲ''
ဆက်ဆံရေးတွေက ဒီနေ့မှစပြောင်းတာမို့ အခေါ်အဝေါ်တွေက စိမ်းသက်နေခဲ့သလို လူကိုယ်တိုင်လည်း စိမ်းနေကြဆဲ။ ဒါကို ဇမ္ဗူဒီပါ သိတော့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးနေချင်တာကြောင့် သူ့ဘက်ကစတင် လက်ကမ်းပေးချင်သည်။
YOU ARE READING
ကြမ်းတမ်းသောအမှောင်ညများ🚨🚨🔞
Romanceအခန်းတိုင်းလိုလို warningပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် 🍼🍼🌚🌚🚨🚨