Unicode
Title - ဗီလိန်လေးနဲ့ငါနဲ့ညား!
All Part - 22 Part.
..........
အခြားလူတွေက ဗီလိန်ဆိုတာနဲ့အမြင်ကပ်ကြပြီး ရှေ့မကြည့်နောက်မကြည့်ပဲ ဆဲဆိုကြတယ်၊ ဗီလိန်ကအဓိကဇာတ်ကောင်တွေကိုနှောင့်ယှက်ရင် မုန်းတီးကြပြီး အဓိကဇာတ်ကောင်တွေဆီကနေ၍ ဗီလိန်ထိခိုက်ခံရတဲ့အခါမှာတော့ ကျေနပ်ပျော်ရွှင်ကြတယ်၊
ဗီလိန်ဆိုတာဘာကြောင့်ဖြစ်လာရတာလဲဆိုတာ သူတို့ကမသိချင်ကြဘူး။ သူတို့သဘောကျတဲ့လူကိုနှောင့်ယှက်ရင် ဗီလိန်ဆိုပြီးပဲသတ်မှတ်ကြတယ်၊
လူတိုင်းကဗီလိန်တွေကိုမုန်းတယ်၊
သို့သော် သူကတော့အဲလူတွေထဲမှာမပါဘူး၊ သူ..တည်ဇမင်းမောင်ဟာ ဗီလိန်တွေကိုစောက်ရမ်းသဘောကျပြီး မြတ်နိုးတယ်၊
လက်ရှိသူဖတ်နေတဲ့ဝတ္ထုထဲက ဗီလိန်ဇာတ်ကောင်ကိုသဘောအကျဆုံးဖြစ်တယ်၊ ဒါပေမဲ့ ဇာတ်သိမ်းပိုင်းမှာ သူသဘောကျရတဲ့ဗီလိန်ဇာတ်ကောင်က သနားစဖွယ်ကောင်းစွာ ဘဝပျက်သွားရတယ်၊
"ငါလိုးမစာရေးဆရာ!!လီးပဲ!ဒင်းကိုငါဆဲပြီ!ငါ့ရဲ့ဗီလိန်လေးရဲ့ဘဝကိုအခုလိုပဲ အဆုံးသတ်ပစ်ရက်တယ်ပေါ့!ငါ့ဗီလိန်လေးက အစကနေအဆုံးထိဘာအပြစ်မှမရှိခဲ့ပဲနဲ့ကိုများ ဇွတ်ကိုဇာတ်နာပစ်တယ်!
မင်းရဲ့ဇာတ်လိုက်ကဖြင့် နောက်ကျမှပေါက်တဲ့ရွှေကြာဖြစ်နေတာကွ!ဇာတ်လိုက်မကအရင်ငါ့ဗီလိန်လေးကိုချဥ်းကပ်ခဲ့တာလေကွ၊ သူတို့တွေချစ်သူတွေဖြစ်ပြီး သာယာနေချိန် မင်းရဲ့ဇာတ်လိုက်ကြီးကပေါ်လာပြီး ငါ့ဗီလိန်လေးဆီကဇာတ်လိုက်မကိုစနိုက်ကြော်သွားတာလေ!အဲတော့ ငါ့ဗီလိန်လေးကဒေါသမထွက်ရင်တောင် ထူးဆန်းဦးမယ်။ မင်းက ငါ့ဗီလိန်လေးကိုတစ်ဖက်သတ်လူဆိုးဇာတ်သွင်းပစ်ပြီး မင်းဘောမနေတဲ့ဇာတ်လိုက်ကောင်ကိုကျ သူရဲကောင်းလိုလိုရေးပစ်တယ်ပေါ့။
ချီးဘရိမ်းနဲ့စာရေးဆရာ..ဇာတ်ကောင်တွေကိုဘက်လိုက်တဲ့စာရေးဆရာ..ဘယ်လိုမျိုးစာရေးဆရာဖြစ်လာတာလဲကွ!စာရေးဆရာအဖြစ်ကနုတ်ထွက်စမ်း!!"
