တချို့လူသားတွေရဲ့ နှလုံးသားက သေးငယ်လွန်းလို့ တစ်သက်မှာ တစ်ခါပဲ ခံစားချက်ရှိနိုင်တယ်။
Title : Neck Kiss | 吻颈之交
Author : 止谈风月
Chapter : 100 + 18 Extras ( Etran Completed)Yang Huaijin က သူ့ကို တစ်သက်သာအမှတ်အသားပေးသွားတဲ့အယ်လ်ဖာကိုရှာဖို့ရာ ဒုစရိုက်လောကထဲကို အကြောက်အလန့်မရှိဝင်လာတယ်။ သူ့အယ်လ်ဖာနဲ့ပြန်တွေ့တော့ အဲဒီသူက အတိတ်မေ့နေပြီး သူ့ကိုမမှတ်မိဘူး။
❦
အခုဆို Yang Huaijin က ၃၃ နှစ် ရှိနေပြီ။ သူ့ရဲ့ Gang မှာလည်း Master Jin ဆိုတဲ့နာမည်နဲ့ အရေးပါတဲ့နေရာကိုရောက်နေပြီ။ သူ့ကို အိုမီဂါမှန်း တော်တော်များများမသိကြဘူး။ ဘာလို့လဲဆို သူ့ရဲ့ ဂလင်းတွေပျက်စီးနေပြီး ဖယ်ရိုမုန်းမထုတ်နိုင်တော့လို့။ ဒီ ၁၂ နှစ်တာ သူ့အယ်လ်ဖာမရှိခဲ့တဲ့ကာလတွေကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ဖြည်းဖြည်းချင်း နောက်ကြောင်းပြန်သွားမှာ...။
Feng Zhi က မိတ်ဖက်ဂိုဏ်းက ဒုခေါင်းဆောင်။ Yang Huaijin ရှာခဲ့တဲ့အယ်လ်ဖာဟုတ်သလို မဟုတ်ဘူးလို့လည်းပြောလို့ရမယ်။ ဘာလို့လဲဆို အတိတ်မေ့နေတဲ့အပြင် အပြုအမူတွေကပါ လုံးဝကို တစ်ခြားသူတစ်ယောက်ဖြစ်နေပြီ။ Ons တွေထားပြီးရှုပ်ပွေတဲ့သူလို့လည်း ပြောကြတယ်။ သူ့ရဲ့အကြိုက်က အသက် ၂၀ ဝန်းကျင် လန်းဆန်းတက်ကြွ အပြုံးရွှင်ရွှင်နဲ့ Sunshine Type အမျိုးသား အိုမီဂါလေးတွေတဲ့။ အဲလိုဖြစ်ရတဲ့အကြောင်းရင်းက ဘာကြောင့်များဖြစ်လိမ့်မလဲ။
❦Feng Zhi ရဲ့ဖယ်ရိုမုန်းရနံ့က Tobacco ဖြစ်ပြီး Yang Huaijin ရဲ့ မထုတ်နိုင်တော့တဲ့ဖယ်ရိုမုန်းရနံ့က သစ်ခွနံလေး။ ဇာတ်လိုက်နှစ်ယောက်လုံး Strong ဖြစ်ပြီး နောက်ပိုင်း Gang မှာ ပြန်ဆုံကြတော့ ကြောင်နဲ့ကြွက်တွေလိုပဲ။ ပြီးတော့ Feng Zhi က တကယ့် Shameless ကောင်ရယ်။ Master Jin က သူ့အိုမီဂါမှန်းသိသွားတော့ ငါလေးကအိုမီဂါဆီက အထားခံခဲ့ရတာနေမှာဆိုပြီး ဒွမ်မာကင်းထလုပ်သေးတာ။ ရင်နာစရာ Flashback တွေကြားမှာ ခုလို အမောပြေလေးတွေ ထည့်ပေးထားရှာပါတယ်။
ESTÁS LEYENDO
Untitle 🍀