95

768 69 1
                                    


အခန်း ၉၅- ဒုတိယအကြိမ်မြောက်တွေ့ဆုံခြင်း။

သေလွန်သူများသာ စကားမပြောဘဲ လျှို့ဝှက်ချက်များ ထိန်းသိမ်းလိမ့်မည် ။

သူတို့သခင်ကို သစ္စာစောင့်သိသော်လည်း သခင်အတွက် သူတို့ကို အသက်စွန့်မည်ဟုမဆိုလိုပါ။ တခဏတာအတွင်း အချို့က ယိမ်းယိုင်သွားကြပြီး အချို့မှာ ပုန်ကန်ရန် စိတ်ကူးများပင် ရှိကြသည်။

ခေါင်းဆောင်က ဒါကိုမြင်တဲ့အခါ ကျန်းဇီနန် ကို ဒေါသတကြီးအော်ပြီး

"ကျန်းဇီနန်၊ မင်း!!!     ဒီမှာ ရန်ဖြစ်မနေကြနဲ့၊ သခင်က ငါတို့ကို တကယ်နှုတ်ဆိတ်စေချင်ရင်၊ သူက ငါတို့ကို ရွှေချောင်းတစ်သောင်း ဆုပေးမှာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့!"

ထို့နောက် လှည့်ကြည့်ကာ ဒေါသတကြီး အော်ဟစ်ကာ

"သူ့ကို သွေးထိုးတာကိုနားယောင်မနေနဲ့။ သူကငါတို့ စိတ်ကို ရှုပ်ထွေးအောင်လုပ်ချင်နေရုံဘဲ။ သူ လှည့်စားတာမခံနဲ့!"

သူ့လက်အောက်ငယ်သားတွေကို အော်ငေါက်ပြီးတာနဲ့ သူက ကျန်းဇီနန် ကို ဒေါသတကြီးပြောပြီး

"ကျန်းဇီနန်၊ မင်းတကယ်ကိုသေဖို့  တောင်းဆိုနေတာ  မင်းရဲ့အလောင်းကို အရင်ထိန်းသိမ်းထားဖို့ ငါစီစဉ်ခဲ့ပေမယ့် မင်းရဲ့အခွင့်အရေး ဆုံးရှုံးသွားတယ်။ နောက်ဆုံးတော့၊ ငါတို့က မင်းရဲ့ဦးခေါင်းပဲလိုတယ်။ မင်းခန္ဓာကိုယ်နဲ့ ပတ်သက်ရင် တောရိုင်းတိရိစ္ဆာန်တွေ အများကြီးဗိုက်၀မှာ သေချာတယ်"

ထို့နောက် သူသည် ဓားကြီးကို မြှောက်လိုက်ပြီး ကျန်းဇီနန်၏လည်ပင်းကို ချိန်ရွယ်လိုက်သည်။

ကျန်းဇီနန် ဟာ သူ့မှာရှိသမျှ စွမ်းအင်တွေ ဆုံးရှုံးသွားခဲ့တယ်။ သူ့တစ်ကိုယ်လုံး ထုံကျင်သွားသည်။ သူ့တစ်ကိုယ်လုံးမှာ သွေးတွေထွက်နေပြီး ဘာမှလုပ်လို့မရတော့ဘူး။ သူသေတော့မယ်ဆိုတာ သူသိတယ်။ သို့သော် သူသည် ငြိမ်သက်သွားသည်။

လူတော်တော်များများက မသေခင်မှာ လူတစ်ယောက်ရဲ့ဘဝကို ဆင်ခြင်သုံးသပ်ကြမယ်လို့ ဆိုကြပါတယ်။ ကျန်းဇီနန်သည် မွေးစကတည်းက အဆုံးမရှိသော ဂြိုလ်ဆိုး အဖြစ် ကျိန်ဆဲခြင်းခံခဲ့ရသည်။ ဒါက သူ့ဘဝနဲ့ လိုက်ဖက်ပုံပဲ။

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်Where stories live. Discover now