ချမ်းစိမ့်စိမ့်ရာသီဥတုနဲ့အတူတဖွဲဖွဲကြနေသောမိုးစက်လေးတွေဟာ အခိုးငွေ့တချို့ရိုက်ခတ်နေတဲ့မှန်ပြတင်းပေါက်လေးတဖက်ကကြည့်နေရသည့်သူအဖို့ စိတ်အေးချမ်းသည်လို့ဆိုရမည် ခပ်နွေးနွေးကော်ဖီပူပူလေးရယ် ဖတ်လက်စ ဘဝရဲ့ဓာတ်သဍီကစာအုပ်လေးနဲ့ အချစ်တေအမုန်းတေမလိုဘူး သူ့ဘဝအေး ချမ်းနေပြီးသားဖြစ်သည်။
"ကင်မ်ရေ ဒီနေ့အတွက်အစီအစဉ်က~~"
"Hot iced Americano ~~"
မျက်မှန်လေးအားပင့်တင်လို့ပြောလာသည့်သူကရုပ်တည်ကြီးဖြင့် ထိုသူကကင်မ်ထယ်ယောင်းဆိုတဲ့ လူ့ခွစာဖြစ်သည် မင်ယောင်းတို့ဆိုင်မှာအမြဲလိုထိုင်နေကြ Assertive buyer တဖြစ်လဲကင်မ်ထယ်ယောင်းက စာအုပ်တအုပ်နဲ့ကော်ဖီတခွက်သာရှိရင် သူ့ဘဝကပြည့်စုံပြီလို့ယူဆထားသူဖြစ်သည်။အနေအေးတယ်ထင်ရပေမယ့် ရုပ်တည်ကြီးနဲ့စနောက်တတ်သေးသည် အရင်က သူမတို့လဲကြည့်မရပေမဲ့ခုတော့လဲ အကြောင်းသိမို့ထူးဆန်းမနေတော့ ခုလဲကြည့် မှာတာက Hot iced Americano တဲ့ မင်ယောင်းက ခေါင်းလေးခါလို့ ကင်မ်ထယ်ယောင်းအားကြည့်လိုက်သည်။
"Ok ဖြစ်စေရမယ်.."
"ရော့မှာထားတာရပြီ.."
ခနကြာမင်ယောင်းက ကင်မ်ထယ်ယောင်းရှေ့ခွက် ကော်ဖီခွက်လေးအားထိုးပေးသည် စာအုပ်အား စိတ်နှစ်ဖတ်နေသောသူကသိပ်ပြီးအာရုံမထားပုံသူ့စာအုပ်ကိုသာစိတ်နှစ်လို့ဖတ်နေသည်။
"မင်ရေ အဲ့တယောက်ကနားလည်ရခက်တယ်နော်.."
"အွန်း လွှတ်ထားလိုက် သူကဆိုက်ကို.."
ကင်မ်ထယ်ယောင်းဆိုသည့်သူဟာ ပတ်ဝန်းကျင်အားအရေးတယူလုပ်တာမျိုးမရှိ အမြဲလိုလို တယောက်ထဲအေးဆေးစွာ နေသည်။သူလက်ခံထားတာ ဘဝမှာအသက်ရှင်နေတဲ့တလျှောက်တော့ အေးချမ်းစွာနေထိုင်သွားဖို့သာ လူ့ဘဝဆိုတာတိုတိုလေးရယ်လေ~~
ကျွီ~~~
"ဟ ကားလာနေတာမမြင်တာလားကးဟမ် ဒါကားနော်မင်းပထွေးမဟုတ်ဖူး တိုက်ရင်သေတတ်တယ်နားလည်ရဲ့လား.."
"တောင်းပန်ပါတယ်ဗျကျနော်အလျင်လိုနေလို့ပါ.."
ဒီနေ့က သူ့အတွက် ပထမဆုံးအလုပ်ဆင်းရမည့်နေ့ဖြစ်တာမို့ ဂျောင်ကုတယောက်ဆိုင်ရှိရာဆီအပြေးလာရင်း တဖက်မှကားကိုမမြင်လိုက်တာဖြစ်သည် ဟူးတော်သေးတာပေါ့ သူ့ဘာမှမဖြစ်သွားလို့ ရင်ဘတ်လေးအားလက်လေးဖြင့်ဖိထားမိသည် သို့သော် ကားပေါ်မှ ဦးလေးကြီးကတော့သူ့အားဒေါသထွက်နေဟန် အဲ့ဒါနဲ့ဘယ်ရမလဲ သူကဘူဆန်သားဂျောင်ကုလေ နယ်နယ်ရရမှမဟုတ်ပဲ ခါးကျိုးမတတ်တောင်းပန်ပစ်လိုက်တာပေါ့ သတိမထားမိသူကသူမလား မေမေပြောထားတယ် ကို့အမှားကိုသိရင်တောင်းပန်တတ်ရမယ်တဲ့ လူအောက်ကျို့လို့လဲလူပိမသေပါဘူးတဲ့လေ သားလိမ္မာလေးက မေမေ့စကားကိုတသွေမတိမ်းကိုလိုက်နာပစ်လိုက်တာဖြစ်သည်။
YOU ARE READING
LOVE EYE
Fanfictionချစ်ခြင်းအစမျက်ဝန်းက တဲ့ ကြည်လင်တဲ့မျက်ဝန်းဝိုင်းလေးနဲ့စုံမိတဲ့နောက် တစုံတယောက်ရဲ့နှလုံးသားလေးဟာ ကြွေကျကာမြေခခဲ့ရပါသည်ပေါ့~~