💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮ဒုတွဲ
(အခန်း၃)(Unicode)
"ပြန်လာပြီလားကမ်းနား..."
သူကားပေါ်မှဆင်းသည်နှင့်
သူ့လက်ကိိုတွဲခိုလာသည့်ဖွဲ့နွှဲ့မမှီကို
စိတ်ပျက်စွာကြည့်လိုက်မိသည်။"ဖယ်ပါ ငါနေရခက်တယ် အခုလိုတွေ
မလုပ်နဲ့ စိတ်ကျဥ်းကျပ်တယ်"ရင်ခွင်ထဲထိတိုးဝင်ရန်ပြင်နေသည်မို့
သူအမြန်ပင်ရှောင်ဖယ်ကာ ပြောလိုက်
မိသည်။ထိုအခါ သူမမျက်နှာဟာ
အတော်လေးပင်ပျက်ယွင်းသွားကာ"Daddyရောက်နေတယ် စကားပြော
လိုက်ဦး!!.."ခြေကိုဆောင့်၍ထွက်သွားသည့် သူမ
ကျောပြင်ကိုငေးရင်း ကမ်းနား
ခေါင်းကိုခါယမ်းလိုက်မိသည်။ခပ်လျော့လျော့ဖြစ်နေသည့်နက်ကတိုင်
ကို အောက်ထိဆွဲချဖြုတ်လိုက်ရင်း
အင်္ကျီကြယ်သီးသုံးလုံးလောက်ကိုပါ
ဖြုတ်ချလိုက်သည်။"Daddyရောက်နေတာကြာပြီလား"
"မကြာသေးဘူးAndray!!..ဒါနဲ့
ဒီတစ်ခါလဲ ပစ္စည်းတွေပါသွားတယ်ဆို""ဟုတ်တယ်Daddy!.."
"အခုထိခဏခဏပါနေတော့ ဘယ်လို
လုပ်ကြမလဲ Andray!!...ငါတို့တွေ
ဆုံးရှုံးရတာများနေပြီ""ဒီစံအိမ်မှာအတွင်းလူရှိနေတယ်
ပစ္စည်းလုတဲ့သူတွေက သေချာပေါက်
သတင်းရပြီးစောင့်နေကြတာ..
တစ်ယောက်ယောက်က သတင်းပေးနေတာ
သေချာတယ်""စိတ်ထင်တဲ့သူရှိလား ရှိရင်လဲတစ်ခါတည်း
ရှင်းပစ်လိုက်!!..""စိတ်ထင်တဲ့သူမရှိဘူးDaddy ဒီတစ်ခေါက်
ပစ္စည်းပို့တဲ့အခါ ထရပ်ကားကို
ကျွန်တော်ကိုယ်တိုင်ပဲမောင်းတော့မယ်
ဘယ်သူ့ကိုမှယုံလို့မရတာမို့ ကျွန်တော်
ကိုယ့်ဘာသာသွားမယ်""အဲတာကောင်းတယ် Andray!!.."
"အင်း Daddy!!.."
"ဒါနဲ့ မင်း သမီးနဲ့အဆင်မပြေဘူးလား"
Daddyစကားကြောင့်သူDaddyကို
စူးစိုက်ကြည့်လိုက်ရင်း"Daddyစိတ်ပူလို့လား..ထားလိုက်ပါ
ကျွန်တော်စိတ်ရှုပ်လို့သူနဲ့သိပ်မနေ
ချင်ဘူး!!.."
![](https://img.wattpad.com/cover/322007106-288-k563401.jpg)
YOU ARE READING
မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}စဆုံး
Romance"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားက မင်းလင်လေ"