အခန်း(၂) Uni/Zawgyi

481 29 2
                                    

🪻လာဗင်ဒါလေးမှ.....သူ့ဆီသို့🪻

အခန်း(၂)

ညနေပိုင်းအတန်းပြီးချိန်ကြတော့ ကျောင်းရှေ့ကခုံတန်းလေးမှာချော အကို့ကိုထိုင်စောင့်နေမိသည်....ချောရဲ့သူငယ်ချင်းသူဇာခင်နဲ့ရွက်စိမ်းကသူတို့ပြန်တော့မည်ဖြစ်ကြောင်းချောကိုပြောလာခဲ့သည်။

"ချောကောမပြန်သေးဘူးလား"

"အွန်း အကိုလာကြိုမှာမလို့စောင့်နေတာ.....အကိုနဲ့သွားစရာလေးလည်းရှိလို့"

"အော် အဲ့ဆို ကိုဇေယျာလာမှပဲငါတို့လည်းပြန်တော့မယ် ချောကိုစောင့်ကူရအောင်"

ရွက်စိမ်းကထိုသို့ပြန်ပြောလာတော့သူဇာကလည်းခေါင်းညိမ့်ကာအကိုလာတဲ့အထိချောကိုစောင့်ကူကြသည်။အကိုကအလုပ်ကိစ္စလေးရှိလို့နည်းနည်းလေးနောက်ကျမည်လို့ပြောထားတာမလို့ ကျောင်းဆင်းပြီးမိနစ်20လောက်နေမှအကိုကရောက်လာခဲ့သည်။

"ဟိုမှာ အကိုလာပြီ.....ကျေးဇူးပဲနော်သူဇာနဲ့ရွက်စိမ်း"

"အံမယ် ကျေးဇူးတင်စရာမလိုပါဘူးနော်....ကိုဇေယျာလည်းလာပြီဆိုတော့ငါတို့လည်ပြန်ပြီနော်"

"အွန်း တာ့တာ.."

"တာ့တာ ချော"

အကိုကချောရှိရာသို့ဆင်းလာပြီး ကလေးကိုမိဘတွေကကျောင်းလာကြိုသလိုမျိုးချောလွယ်ထားသည့်ကျောပိုးအိတ်လေးကိုဆွဲယူကာ လက်ကနေဆွဲပြီးကားဆီခေါ်လာခဲ့သည်။

"ကိုယ် နည်းနည်းနောက်ကျသွားတယ်"

"ချောကတော့ အကို့ကိုစိတ်ဆိုးတယ်"

ထိုသို့ဆိုကာနှုတ်ခမ်းလေးစူပြပြီးအကို့ဖွင့်ပေးလာသည့်ကားထဲသို့ဝင်ထိုင်လိုက်သည်။ဇေယျာဟာမျက်ခုံးနှုတ်ဖက်လုံးကိုပင့်လိုက်ပြီးသူ့ရဲ့လာဗင်ဒါလေးရဲ့ပုံစံလေးကိုအသဲယားကာပြုံးလိုက်မိသည်။တစ်ဖက်ဆီမှသူလည်းတက်လိုက်ပြီးချောရဲ့အိတ်လေးကိုကားနောက်ခန်းထဲထည့်လိုက်သည်။ပြီးနောက်လက်ပိုက်လျက်ထိုင်နေသည့်ချောကို ခါးပတ်ကြိုးလေးပတ်ပေးလိုက်သည်။

"စိတ်မဆိုးပါနဲ့ကွာ တကယ် အလုပ်ကိစ္စကအရေးကြီးနေလို့"

"ဒါဆိုချောက အရေးမကြီးဘူးပေါ့လေ ဟုတ်လားအကို"

🪻လာဗင်ဒါလေးမှ.....သူ့ဆီသို့🪻Where stories live. Discover now