"ကင်မ်အီဟန်! မင်းဘာလို့ ငါ စာမပြန်တာကို စိတ်မတိုတာလဲ။"
"အဲ့ဒါ မဖြစ်မနေ စိတ်တိုရမှာလား?"
အီဟန့် အမေးကြောင့် ထယ်ဆန်းမှာ ဖြေစရာ စကားတောင် မရှိတော့။ ထယ်ဆန်း တွဲဖူးသည့် ရည်းစားများထဲတွင် အီဟန်က အထူးဆန်းဆုံးဟု ထင်သည်။ ယောက်ျားလေး၊ မိန်းကလေး စတိုင်လ် အမျိုးမျိုးကို တွဲခဲ့ဖူးသော်လည်း ကင်မ်အီဟန်က အားလုံးနှင့် မတူ တစ်မူထူးနေသည်ဟု ထင်သည်။
" ဘာလဲ။ မင်းရဲ့ အဆက်ဟောင်းတွေက ဒီ အရည်မရ အဖတ်မရ အတွက်နဲ့ စိတ်တိုကြသေးလို့လား။ "
သည်လိုလည်း ကြုံရင်ကြုံသလို စကားနာ ထိုးတတ်သေးသည် ။ ထိုအချိန်တိုင်းလည်း ထယ်ဆန်းက အပြစ်ပေးတတ်ပါသည် ။
"မင်းက ဘယ်လို ထင်လို့လဲ။ ငါက လူတိုင်းကို ဒီလို လုပ်တယ် ထင်နေတာလား?"
ထယ်ဆန်း ချက်ချင်းပဲ အီဟန့်ခါးကို ဆွဲဖက်လိုက်ပြီး နှုတ်ခမ်းများကို စိုက်ကြည့်လိုက်သည် ။ ထို့နောက် အရိုင်းဆန်သော အနမ်းများဖြင့် နမ်းရှိုက်နေသည်မှာ အီဟန် သူ့ ရင်ဘတ်ကို ထုမယ့် အချိန်ထိပဲ ။ သူ့ဘက်က အနမ်းများကို စတင်တိုင်း အီဟန်ဘက်က မလိုလားဟန်လည်း မပြ၊ ငြင်းဆန်ခြင်းလည်း မပြု ၊ သည်အတိုင်း သူ့အနမ်းများကို ငြိမ်ခံနေသည်မှာ...ပြောရမည်ဆိုလျှင်...သူ့စိတ်ကို ပိုပြီး ဆွပေးနေသယောင် ။ ထိုအစား အီဟန့်မျက်ဝန်းများကတော့ တောင့်တနေဟန်ကို ပြတတ်သည် ။
"ငါက ဘယ်သိမှာလဲ? စိတ်လည်း မဝင်စားဘူး။ "
အဆုံးထိကို မောဟိုက်နေသည့်ကြားမှ ဂျစ်လည်း ဂျစ်နိုင်လွန်းသည့် ငဂျစ်ကောင်ဟု ထယ်ဆန်း မှတ်ချက်ပေးလိုက်သည် ။
"ဒီညလည်း မင်း အပြင်မှာပဲ အိပ်မှာလား?"
အမှန်တော့ သူတို့ နှစ်ယောက်ဟာ သွေးအေး စစ်ပွဲကို ဆင်နွှဲနေကြခြင်းသာ ဖြစ်သည် ။ ထယ်ဆန်းက ဘားမှာ အီဟန့် သူငယ်ချင်းမလေး ဂျောင် ယူရီကို ရင်ခွင်ထဲထားပြီး အကြည့်ချင်းဆုံနေကြသည်ကို အီဟန်က သူ့ကို လာခေါ်ရင်း မြင်သွားခဲ့သည် ။ သို့သော် ထူးဆန်းသည်က....