"အဖေ ... အဖေ ဘာပြောလိုက်တာလဲ"
"ဟုတ်တယ် Soonyoung ငါ့ကြောင့် Moojin သေရတာ .... ငါသတ်လိုက်တာ"
အဖေပြောတာကို သူတစ်ခုမှ နားမလည်ချေ။ချစ်ရတဲ့ သူရဲ့ အဖေကို သတ်တဲ့သူကအဖေတဲ့လား။ မဖြစ်နိုင်တာ။ အဖေက လမ်းဘေးကကြောင်လေးတွေကိုတောင် သနားလို့ဆိုပြီး အိမ်ခေါ်ခေါ်လာလို့ အမေနဲ့ခနခနစကားများကြတာကို မှတ်မိနေပါသေးသည်။Soonyoung အသံများ တုန်ရီကာ
"အဖေ ကျွန်တော့်ကို လိမ်နေတာမလား"
"မင်းသိချင်တာ သိပြီးပြီဆိုတော့ အဲ့ကောင်လေးနဲ့
ဝေးဝေးနေပါ"အဖေကတော့ အေးစက်သည့်အသံများနှင့်အတူ
တီ....တီ...တီ...။ ဖုန်းချသွားတော့သည်။
Soonyoung ဖုန်းကို လက်မှကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဒေါသများလည်း ထွက်လာတော့သည်။မဖြစ်နိုင်တာ။ အဖေငါ့ကို လိမ်နေတာ။ ငါသိတယ်။သူငါ့ကို လိမ်နေတာ။ ဘာလို့လဲ။ ဘာလို့ Jihoonအဖေနဲ့ အမေကိုမှလဲ။မဟုတ်ဘူး။ ဒီကိစ္စ Jihoonသိသွားရင်ကော ဘာတွေဆက်ဖြစ်ကြမှာလဲ။ ငါ့ကိုမုန်းသွားမှာလား။ဒီကိစ္စကို မျက်နှာချင်းဆိုင်ရှင်းမှဖြစ်မှာ။ အခုနေသွားမေးရင်တော့ ဒီအဖြေဘဲထပ်ကြားရဦးမယ်ဆိုတာ သိတာကြောင့် ဖုန်းကိုသာစက်ပိတ်လိုက်ပြီး အဝတ်စားလဲကာ အနားယူရင်းခေါင်းအုံးစီသို့ မျက်ရည်စက်တစ်ချို့များလိမ့်ဆင်းလာတော့သည်။
------------------------
သား ဖြစ်သူကို ဒီအဖြစ်ဆိုးကြီးကို မသိစေချင်တာကြောင့်အတတ်နိုင်ဆုံး ဖုံးဖိထားသော်လည်း အမှန်တရားဆိုတာ တစ်ချိန်ချိန်တော့ ထွက်ပေါ်လာတတ်သည် မဟုတ်လား။
Kwon In-su (အင်ဆူ) တို့ ရင်ထဲ ဗလောင်ဆူနေရလေပြီ။ ဒီအဖြစ်အပျက်တွေအတွက် သားဖြစ်သူ နားလည်ပေးဖို့ကိုဘဲ တောင်းဆိုရတော့မည်။
ရေခဲသေတ္တာထဲရှိ ဆိုဂျူပုလင်းကို ထုတ်လိုက်ပြီးဆိုဂျူတစ်ခွက်ကို မော့သောက်လိုက်ကာနာကျင်စရာအတိတ်တွေဆီ ပြန်ရောက်သွားလေသည်။
လွန်ခဲ့သော (၃၀)နှစ်ခန့် >>>>
"Moojin မင်းဟာက မပြီးတော့ဘူး၊အလုပ် လုပ်မှာဆို အလုပ်ဘဲလုပ်၊မင်းကို ကျောင်းသွားဖို့လာခေါ်နေရတာ ငါလည်း ကျောင်းနောက်ကျတယ်"
YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️
Fanfictionချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍