he = သူ

38 4 4
                                    

(A/N; Fic တစ်ပုဒ် မဟုတ်ဘဲနဲ့ ဒီတိုင်း တစ်စုံတစ်ယောက်ကို ရည်ရွယ်တဲ့စာတိုလေးတွေပါ...)

နေရောင်အောက်က သူ့ရဲ့ကျောပြင်ငယ်လေးကို ကိုယ့်အပိုင်လို့သာ ရေးထိုးထားချင်မိတယ်...

ဒီနေ့မှာ သူဝတ်ဆင်ထားတဲ့ T-shirt အဖြူလေးဟာလည်း ဒီဇင်ဘာလမှာ ကျလေ့ရှိတဲ့ နှင်းဖွေးဖွေးတွေလို အဖြူတွေ ခြယ်မှုန်းထားတဲ့ သူ့ရဲ့ အသားအရေနဲ့ တစ်သားတည်းဖြစ်ကာ လိုက်ဖက်လွန်းနေပါတယ်။

ဖျော့တော့သော နေရောင်ခြည် တစ်စွန်းတစ်စတို့က သူ့ထံသက်ရောက်လေတဲ့အခါ အနှီလူသားလေးရဲ့ အလှတရားတွေက ပိုပြီးတော့တောင် ပီပြင်လာခဲ့ပါတယ်။

ဆည်းဆာတွေနဲ့ ထပ်တူပြုပါရစေ...

အရုဏ်တက်ချိန်မှာ ကမ္ဘာမြေကို နှုတ်ခွန်းဆက်သလာတဲ့ အရုဏ်ဦးရဲ့ ဆည်းဆာတွေလိုလည်း လှတယ်...

နေ့တစ်နေ့ရဲ့ အဆုံးသတ်ချိန်မှာ ကမ္ဘာမြေပြင်ကို နှုတ်ဆက်ထွက်ခွာသွားတဲ့ အဝါရောင် ဆည်းဆာတွေလိုလည်း လှတယ်...

လမင်းနဲ့ ကြယ်စင်တို့ ထွန်းလင်းလေ့ရှိတဲ့ မဟူရာ မိုးသားပြင်နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ အပြာရောင် ကောင်းကင်ကြီးထက်လှသလို...

အပြာရောင်ဆေးသားတွေ တမြေ့မြေ့နဲ့ ကွာကျသွားချိန်မှာ ဝင်ရောက်လာတဲ့ ပုဇွန်ဆီရောင် တိမ်တိုက်တွေ အခြယ်မှုန်းခံ အဝါရောင် ကောင်းကင်ကြီးထက်လည်း လှတယ်...

မင်းထံကို ကိုယ်ငေးကြည့်မိလေသော အခိုက်အတန့်တွေတိုင်းမှာ ကိုယ်ရဲ့ကမ္ဘာဟာ နှစ်ခြမ်းကွဲပြီး ရပ်တန့်သွားခဲ့ရတယ်။

မင်းရဲ့အလှတွေက ကိုယ့်ကို ပြုစားလိုက်တာလည်း ဖြစ်မှာပေါ့...

အဲ့အတွက်လည်း ကိုယ်ဟာ နစ်နာသူယောင်ဆောင်ပြီးတော့ အချစ်တရားရုံးမှာ မင်းကို စွဲချက်တွေ တင်မိလိမ့်ဦးမယ်...
အဲ့အချိန်မှာ ကိုယ့်ဘက်ကနေပြီးတော့ ခိုင်လုံစွာ တင်သွင်းမယ့် အထောက်အထားတွေကတော့ အကြောင်းတွေ ရေးဖွဲ့ထားတဲ့ ကဗျာတစ်ချို့သာ ဖြစ်ပေလိမ့်မယ့်...

ကိုယ်ဟာ အမြဲတမ်း မင်းတစ်ယောက်တည်းကိုပဲ ငေးကြည့်နေခဲ့တာပါ...

heWhere stories live. Discover now