အခန်းတစ်ခုထဲတွင် ၂ယောက်တည်းပဲ ရှိနေပါရဲ့နဲ့….
တစ်ယောက်မျက်နှာ တစ်ယောက်ကို မြင်နေရပါလျက်…
တစ်ယောက် အသက်ရူသံကို တစ်ယောက်ကြားရလောက်တဲ့ အထိ နီးကပ်နေပါလျက်နှင့်….
Gem က Fourth ရဲ့ မျက်နှာကို ဖွဖွကိုင်ကာ….
“Fot … Fot… မင်းငါ့ကိုလွမ်းလား”
“ဟမ်….”
Fot က သူ့မျက်နှာပေါ်က လက်ကို ဖွဖွပြန်ကိုင်လိုက်ကာ…
နားမလည်သော မျက်လုံးများဖြင့် ကြည့်နေမိစဉ်မှာပင် Gemက ထပ်မံမေးသည်။
"မင်းငါ့ကို လွမ်းလား…."
"မင်းငါ့ကို လွမ်းလား Fot …. ငါမင်းကို လွမ်းတယ်…"
"Fot မင်းကို ငါ အရမ်းလွမ်းတာပဲ…."
Fot ကို ကြည့်နေသော Gem ၏ မျက်လုံးများတွင်တော့ မြတ်နိုးခြင်း၊ ကြေကွဲခြင်း၊ တမ်းတခြင်း၊ ဝမ်းနည်း လွမ်းဆွတ်ခြင်းများစွာဖြင့်….
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Jinkook မဟုတ်ဘဲ Gemfourth ပါ...
အရမ်းတွေ ချစ်နေလို့ ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးချင်လာလို့...စိတ်ကူးယဥ်ရေးသားမှုပါ...
စိတ်ဝင်စားရင်တော့ ဖတ်နိုင်ပါတယ်ရှင့်...
Just Fun 🩷🌸