Summer and ice cream

298 39 6
                                    

သူနဲ့ ငါ စတွေ့တဲ့နေ့က ငါ၁၉နှစ်ပြည့် မွေးနေ့ပြီးနောက်တစ်ရက်မှာပဲ။ အဲ့ချိန်တုံးက သူကငါ့ အသိစိတ်ထဲ လူထူးဆန်း‌ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နေရာဝင်ယူသွားတာပဲ။ တကယ်လဲ လူထူးဆန်းပဲကို။

"အန်တီ ကျွန်တော့်ကို ဒီငါးလေးနှစ်ကောင်ထည့်ပေးပါနော်"

ဒုံမင်း သူ့ညီမကို အလှမွေးငါး လက်ဆောင်ပေးဖို့ဝယ်ခဲ့တာ။ ငါးအကြောင်းကို သူလဲအရမ်းသိနေတာမဟုတ် အဲ့တော့ သူ့မျက်လုံးထဲချစ်ဖို့ကောင်းတယ် ထင်တဲ့ငါးကိုပဲ ဝယ်ဖို့ရွေးလိုက်တာ။ ဒါမဲ့လဲ အဲ့ငါးက ကောင်လေးတစ်ယောက် စွဲစွဲလမ်းလမ်း လိုက်ရှာနေတဲ့ ငါးမျိုးစိတ် ဖြစ်နေတာပဲ။

"ဒီမှာ ဒီငါးလေးကိုငါယူလို့ရမလား"

အဲ့ကောင်လေးက သူယူထားတဲ့ ငါးနှစ်ကောင်ကို ထိုးပြပြီးပြောတယ်။ ဒုံမင်းက တစ်ခြားငါးပြောင်းယူလို့ရတယ် ဒါမဲ့သူ့ရဲ့ ပင်ကိုစိတ်လေးကလဲ အကျင့်ယုတ်လိုက်ရမှကျေနပ်တာဆိုတော့...။

"ဒီငါးကို ငါအရင်ယူထားတာလေ"

"အဲ့တာကြောင့် ငါယူလို့ရမလားလို့ ဒီpanda corydorasကို ငါလိုက်ရှာနေတာ ဘယ်ဆိုင်မှာမှမတွေ့ဘူး ဒီဆိုင်မှာပဲတွေ့လို့ ယူဖို့ကို မင်းကအရင်ဦးသွားလို့။ အဲ့တာငါ့ကို ပေးပြီး မင်းတစ်ခြားငါးယူလိုမရဘူးလားလို့"

စကားများလိုက်တာ။

"ဒါမဲ့ ငါအရင် ယူထားတာလေ"

အဲ့ချိန်တုန်းက ငါလဲကိုယ့်ကိုကိုယ် အဲ့လောက်ရစ်တတ်မှန် သိခဲ့တော့တယ်။ ပြီးတော့ ငါ့ရှေ့ကကောင်လေးက ငါ့သူကိုရစ်နေတာတောင် စိတ်ညစ်တာမျိုး စိတ်ရှုပ်တာမျိုး သူ့မျက်နှာမှာငါမတွေ့ရဘူး။ ငါခုမှသိလိုက်ရတာက သူကအဲ့လိုအရာတွေကို သူ့မျက်နှာမှာမပြတတ်ဘူးဆိုတာပဲ။

"ဒီလိုလုပ်ပါလား မင်းငါ့ကိုအဲ့ငါးလေးပေးရင် မင်းကိုငါဂျယ်လီကျွေးမယ်"

သူ့အိတ်ထဲက ဂျယ်လီထုပ်ကိုပြရင် ‌ငါ့ကိုပြောလာတဲ့ အဲ့ကောင်လေးက သူ့မျက်လုံးထဲ ငါ့ကိုဆယ့်နှစ်အရွယ်ကလေးလို့ ထင်နေတာလား။

သူပဲထူးဆန်းတာလားဆိုတော့ မဟုတ်လောက်ဘူး။ ငါလဲထူးဆန်းတာပဲ သူ့ပေးတဲ့ဂျယ်လီထုပ်ကို ငါယူပြီး ငါယူထားတဲ့ငါးနှစ်ကောင်ကိုတော့ ငါသူ့ကိုပေးလိုက်တယ် ပြီးတော့ ငါ တစ်ခြားငါး‌နှစ်‌ကောင်ကို ပြောင်းယူလိုက်တယ်။ အတော်လေးတော့ အူကြောင်ကြောင်နိုင်တယ်။ ဒါမဲ့လဲ ငါကအဲ့ဂျယ်လီထုပ်ကို ဖောက်တောင်စားလိုက်ပြီးပြီ။

Summer and Ice Cream Where stories live. Discover now