Ones in the Millions (Part-49)
-Jiyoung pov-
'မမလေး..´
အနောက်က ခေါ်သံကြောင့် သူ လန့်ကာ လှည့်ကြည့်လိုက်လေသည်
'ဘာလာလုပ်တာလဲ? နင်တို့ကို ငါ့ကို ဒီလို လာလာ မတွေ့ပါနဲ့ လို့ ပြောထားတယ် မလား?´
'ဟုတ်.. ဒါပေမယ့်.. ´
'ဒါ ဆေးရုံ.. နင်တို့တွေ ဒီလို ပုံစံ တွေနဲ့ လာရလား?´
သူ အနောက်တိုင်း ဝတ်စုံ အမဲများအား ဝတ်ထားသော လူ လေးယောက် အား ပြန်အော်ပြောလိုက်လေသည်
'မနက်ဖြန် ကျရင် Korea က လာမယ့် လုပ်ငန်းရှင် တစ်ယောက် နဲ့ Stage 3 case ဆွေးနွေးစရာ ရှိတယ်..အဲ့တာ မမလေး က ဖုန်းပိတ်..´
'ရှူးး.. ´
သူ လူနာကုတင်ပေါ်တွင် လှဲနေသော ကောင်လေး အား တစ်ချက် ကြည့်ကာ ထို လူတွေအား အခန်း အပြင် သို့ ထွက်ရန် မျက်ရိပ်ပြလိုက်လေသည်..။
Stage 3 ဆိုသည်မှာ လျို့ဝှက် ကိစ္စ ကြီးကို ဆိုလိုခြင်း ဖြစ်လေသည်..။
'ဘာလဲ ? တစ်ယောက်တည်းလာမှာလား.. ဟိုဘက်က ?´
သူ အပြင်ရောက်သည်နှင့် တန်းမေးလိုက်လေသည်။
'.............´
သူ နား နားနားအား ကပ်ကာ လေသံတိုးတိုးလေး ပြောလိုက်နေသော သူ့ လူယုံ၏ စကားအား နားထောင်နေရင်း သူ့၏ ပြောင်လက်နေသော ဒေါက်ဖိနပ် အမဲအား စိုက်ကြည့်နေမိလေသည်။
'အင်း.. သိပြီ.. မနက်ဖြန် ငါ အချိန်မှီ လာခဲ့မယ်´
'ဟုတ်..´
'ပြီးတော့ အကြောင်းမရှိပဲ ဒီကို မလာနဲ့.. အခု Omma လဲ ရှိတယ်.. ပြန်..မြန်မြန် ပြန်ကြ..´
'ဟုတ်ကဲ့..´
သူ့ရှေ့မှ အမြန် ပျောက်ကွယ်သွားသော အနောက်ရောင် ဝတ်စုံ နှင့်လူများအား သူ မျက်စိ တစ်ဆုံး ကြည့်ရင်း ရှေ့က ပေါ်နေသော မှန်ထဲရှိ မိမိရဲ့ ပုံရိပ်အား ကြည့်ကာ သေသပ်စွာ ညှပ်ထားသော ပုခုံး အထက်လောက်ရှိသော ဆံပင် အနက်အား တစ်ချက်သပ်ကာ အခန်းထဲ ပြန်ဝင်ရန် တံခါး လှမ်းဖွင့်လိုက်လေသည်..။
YOU ARE READING
Ones in the Millions(Hiatus)
عاطفيةSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...