𝟭

149 14 1
                                    


"သားရေ အိမ်ရှေ့အိမ်ကို မုန့်လေးသွားပို့လိုက်အုံး"

"ဟုတ်ကဲ့ မေမေ"

နေ့တိုင်းနီးပါး မေမေ့ဆီကကြားနေရသော စကားတစ်ခွန်း။
ဘာမုန့်ပဲလုပ်လုပ် အိမ်ရှေ့အိမ်ကိုအမြဲပို့‌ပေးပြီး အိမ်ရှေ့အိမ်ကလည်း ထိုနည်းတူ။
ဤသို့မုန့်တွေအပြန်အလှန်ပို့ကြရင်းဖြင့် ကျွန်တော်တို့ နှစ်အိမ်ရင်းနှီးကျွမ်းဝင်လာသည်မှာ နှစ်ပေါင်းပင်မနည်း။
ပြောရရင် ကျွန်တော် အလယ်တန်းလောက်ကတည်းကပေါ့။ ထိုအချိန်တွင် ညီလေးလိုချင်သည့် ကျွန်တော့်အတွက်လည်း ကွက်တိပင်ဖြစ်သွားကာ အတော်လေးပျော်ရွှင်ခဲ့ရသည်ကို မှတ်မိပါသေးသည်။

*ဒေါက် ဒေါက်

ပွင့်ချလာသော တံခါးနှင့်အတူမြင်ရသည့် ကျက်သရေရှိပြီးလှပသော အမျိုးသမီးတစ်ဦး။

"အန်တီ အိမ်မှာမုန့်လုပ်လို့လာပို့တာ"

"အေး သားလေးထားခဲ့"

"ဒါနဲ့ အန်တီ ဒိုဟွန်းရော"

"ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ ဂိမ်းသွားဆော့တယ် သားရယ်"

"ကြာပြီလား အန်တီ?"

"ကြာပြီ သား။
သား စောင့်ချင်ရင် ဧည့်ခန်းထဲမှာစောင့်နေလေ"

"တော်ပြီ မစောင့်တော့ပါဘူး အန်တီ"

ဂျောင်ဟွမ်လည်း အိမ်ရှေ့အိမ်ကနေပြန်လာပြီး မိမိအခန်းထဲသို့သာ လေးလံသောခြေလှမ်းများဖြင့်ဝင်ကာ အိပ်ယာထက်၌တစ်စုံတစ်ခုကိုတွေးမိရင်း ဝမ်းနည်းလာပြန်သည်။

သူဒီနေ့နဲ့ဆို ကင်မ်ဒိုဟွန်းကိုမတွေ့ရတာ တစ်ပတ်လောက်ရှိပြီ။ အင်း အတိအကျပြောရမယ်ဆို ဒိုဟွန်းက သူ့ကိုရည်းစားစကားစပြောလိုက်သည့်နေ့ကတည်းကပင်။

အလယ်တန်းနှစ်လောက်ကတည်းက တွေ့ခဲ့ရတဲ့ကလေးကို ဘယ်လိုများသူကပြန်ကြိုက်ဖို့စဉ်းစားမိမှာလဲ။ သေချာပေါက် ငြင်းလိုက်မိသည်။ ဒါပေမဲ့ အဲ့ဒီအတွက်လည်း အမှန်တိုင်းပြောရရင်နောင်တရမိသည်။

သူတို့သိလာကြတဲ့အချိန်၁၀နှစ်အတွင်း တစ်ခါမှ အချင်းချင်းစိတ်ဆိုးစိတ်ကောက်ခြင်းမရှိခဲ့ကြ။
မတွေ့ရသည့်ရက်ဆိုတာလည်း မရှိခဲ့သည့်အတွက် သူ့အနေနဲ့ထိုကောင်လေးကိုအရမ်းလွမ်းနေပါသည်။
ဖြစ်နိုင်ရင် သူ ဒိုဟွန်းကိုအခုတွေ့ချင်သည်။
သို့ပေမဲ့ ထိုအရာက မဖြစ်နိုင်လောက်။
သူ့ဘက်ကပဲအရင် ခါးခါးသီးသီးငြင်းလိုက်သည်မဟုတ်လား။
အခုချိန်တွေ့ချင်တယ်လို့ပြောလျှင်
ထိုကောင်လေးကသေချာပေါက် ဟားတိုက်ရယ်မည်ပင်။

𝟑𝟗𝐭𝐡 𝗰𝗼𝗻𝗳𝗲𝘀𝘀𝗶𝗼𝗻 𝘁𝗼 𝘆𝗼𝘂 | 𝖣𝗈𝗌𝗁𝗂𝗇 Where stories live. Discover now