16

1.2K 106 19
                                    

ကျောင်းသားတွေစုံပွဲသွားရန် TaeTae ကို အိမ်မှာလာခေါ်နေတဲ့ Jungkook..မနေ့ကမှ အဘွားစီကပြန်ရောက်တာ နားစေချင်သော်လည်းပွဲကရှိနေတာကြောင့် လိုက်မယ်ဆိုသူလေးကို လာခေါ်နေရသည်..

အဘွားစီကပြန်ခါနီး အလွမ်းသယ်ကာ ငိုခဲ့သေးသလို တလမ်းလုံးလည်းအဘွားကျန်ခဲ့တာကိုတွေးတွေးပြီးငိုနေပြန်သေးတာက ဘေးကမြေးဖြစ်သူတောင် အံ့သြမိသည်..ဖြစ်နိုင်ရင် TaeTae စိတ်ချမ်းသာအောင် အိမ်မှာခေါ်ထားလိုက်ချင်တာ အဘွားကလည်းနေမည်မဟုတ်..

ဟိုကသဲလားမှတ်တယ် အဘွားကလည်း TaeTae ပြန်ခါနီး စတော်ဘယ်ရီတွေ ဘယ်ချိန်ကပြင်ထားလည်းမသိ ကားပေါ်မှာစားဖို့တောင်ရေသေချာဆေးပြီးသားထည့်ပေးလိုက်သေး တာ..

ဘယ်သူကမြေးအရင်းလည်းတောင်မေးရမလို.
သို့သော် Jungkook အတွက်ကတော့ ကြည်နူးစရာမြင်ခွင်းလေးလိုကိုဖြစ်လို့နေသည်..ခုရောနိုးများနိုးရဲ့လားလို့စိတ်ပူစွာဖုန်းဆက်ကြည့်လိုက်မိသည်..

#ဘေဘီ

#ဟုတ်ကိုကိုရောက်ပြီလား

#ဟော ဘေဘီက အစောကြီးနိုးနေတာပါလား

#ဒါပေါ့ လှလှလေးပြင်ထားတာလေ

#ကိုကို အိမ်ရှေ့ရောက်ပြီ

ဆိုတာနဲ့ TaeTae တို့များ အိတ်လေးဆွဲလို့ထွက်သွားတာ အကိုဖြစ်သူကိုနှုတ်ဆက်ဖို့တောင်မေ့သည်..

" Kim TaeTae ငါအသက်ရှင်လျက်ရှိနေသေးတယ်နော်"

" ဟီး Hyung.. TaeTae သွားတော့မယ်နော် "

" ကြည့်နေကြည့်စားမျက်စိနှောက်မလာနဲ့ Daegu ပြန်လိုက်မှာ ဘာမှတ် "

"ဟွန့် ခြိမ်းခြောက်နေလိုက်တာ မိုးမင်းကြီးတောင်အဘိုးခေါ်ရမယ် ပြန်ပေါ့ TaeTae က ကိုကိုနောက်လိုက်သွားမှာ ဟီးဟီး "

ပြောပြီးတာနဲ့ပြေးထွက်သွားတဲ့ TaeTae ကိုအနောက်မှာ စီးထားတဲ့ဂွင်းထိုးဖိနပ်ကိုချွတ်ကာကောက်ပေါက်ဖို့ရွယ်ကာ အံ့ကြီးကြိတ်လို့ကျန်ခဲ့တဲ့ Yoongi..

" ကိုကို "

အိမ်ရှေ့တံခါးဝမှာစောင့်နေတဲ့ Jungkook. တံခါးပွင့်လာပြီး သူ့ကိုမြင်တာနဲ့ ခေါ်လိုက်တဲ့အသံလေးနဲ့ ရုပ်လေးက ဆွဲညစ်ထားချင်စရာ..

ကိုကို့ ဘေဘီထယ် (Complete) Where stories live. Discover now