အပိုင်း ၂၇

5.5K 710 138
                                    

ဂျွန်ဂျီမင် ထွက်သွားပြီးနောက်တွင် ဧကရာဇ်ဂျွန်သည် သူ၏ အာဏာကို ပြန်ရယူဖို့ကြိုးစားတော့သည်။ အခုချိန်တွင် သူ့ဆီမှာ ဘာ အာဏာမှ မရှိသည့်အတွက် ကျယ်ပြောလှတဲ့ အင်ပါယာထဲမှာ ဂျွန်ဂျီမင်ကို လိုက်ရှာဖို့အတွက် ခက်ခဲနေ၏။ အထူးသဖြင့် အင်ပါယာတစ်ခုလုံးက သူ့ကို လူလိမ်အဖြစ်သတ်မှတ်ထားကြပြီဆိုတော့ သူ့အနေနဲ့ ပေါ်ပေါ်ထင်ထင်လည်း နေလို့မရပေ။

သူ့အနေနဲ့ ဂျွန်ဂျီမင်ကို ပြန်ရှာဖို့ဆိုရင် ထီးနန်းကို မ‌ဖြစ်မနေ ပြန်ယူကို ယူရတော့မှာ..။ ဒါမှ သူ့အာဏာနဲ့ လူအင်အားကို သုံးပြီး ဂျွန်ဂျီမင်ကို ခဏလေး ပြန်ရှာနိုင်မှာ...။ ဂျွန်ဂျီမင်က ခေသူမဟုတ်ဘူး။ တကယ်သာ ပျောက်ကွယ်သွားချင်ရင် အမြီးလေးတောင်မမြင်ရတဲ့အထိ ပျောက်ကွယ်နေနိုင်မယ့် လူစားမျိုး...။ ဧကရာဇ်က အမှန်တော့ ဂျွန်ဂျီမင်ကို ‌သိပ်ကြောက်ပါတယ်။ သူ့ကို ထားခဲ့မှာ၊ ထွက်သွားမှာ၊ ပျောက်ကွယ်သွားမှာကို သေမတတ်ကြောက်ပြီး ဂျွန်ဂျီမင်ရဲ့ လုပ်နိုင်စွမ်းကို တိတိပပ သိနေလို့ကို ကြောက်နေတာ....။ ဂျွန်ဂျီမင်က ဘုရင်ငယ်လေးပဲ မဟုတ်ပေလား..။

ဂျွန်ဂျီမင်ဟာ သိပ်လည်သည်။ ဂျွန်ဂျီမင်က အဆိပ်ပြင်းတဲ့ ဧကရာဇ်ဂျွန်လို လူမျိုးကို ပိပိရိရိ ကိုင်တွယ်နိုင်တဲ့ ပါဝါမျိုး အပြည့်ရှိသည်။ ထွက်သွားဖို့ဆုံးဖြတ်ခဲ့တာတောင်မှ ဧကရာဇ်ကို မဖြစ်မနေ အရိုက်အရာ ပြန်ယူရမယ့်အခြေအနေဖြစ်အောင် စီမံခဲ့သေးတာ။ သူအလျော့ပေးရင်လည်း အဆုံးထိ အလျော့ပေးပြီး အလျော့မပေးချင်ရင်တော့ ပြတ်တဲ့အထိ တင်းမာချင်တဲ့ သဘောမျိုးရှိတဲ့ အိုမီဂါတစ်ယောက်...။

ဂျွန်ဂျီမင်က စိတ်နာသွားပြီဆို ပြန်မလှည့်ကြည့်တတ်တဲ့ သူ...။ ပြတ်သားလွန်းတဲ့သူ..။ အတိတ်မှာ သည်းခံခဲ့သမျှက သူ ဧကရာဇ်ဂျွန်ကို ချစ်လို့ အရာအားလုံး ခဝါချထားတာမလို့ပေါ့။ ဒါတွေကို ဧကရာဇ်ဂျွန်က သိတာကြောင့် ဂျွန်ဂျီမင်ကို သူကြောက်တာပေါ့..။

"ပထမဦးဆုံး.....လူထုရဲ့ အမြင်ကို ပြောင်းလဲရမယ်"

ဧကရာဇ်ဂျွန်ရဲ့ ပထမဆုံး အစီအစဉ်သည် ဒုဝန်ကြီး၏ လုပ်ရပ်တွေကို လူထုက သိအောင် ချဖို့ပင် ဖြစ်သည်။ ထို့ကြောင့် ဂျွန်ဂျီမင် ချန်ထားခဲ့သော ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်တွင် ဖြန့်ဝေ၏။

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now