မနက်ခင်းမှာ ဂျီယွန်းတို့အဖွဲ့ ကျောင်းသွားဖို့ပြင်ကြပါတယ် ဒါပေမဲ့ ဘန်ဂျီမင်း နဲ့ ယွန်းဂျီယွန်း အတန်းမတူတော့ ဘန်ဂျီမင်း တစ်ယောက် သိပ်အဆင်မပြေပါ...
မနက်စာစားပြီး ဂျီယွန်း နဲ့မိုင်က ကျောင်းအတူသွားပါတယ်...ဂျီယွန်းကျောင်းမရောက်ခင် ကျောင်းမှာတော့ ပယက်ထနေပါပြီ ဂျီယွန်းဒီကျောင်းမှာ ကျောင်းတက်မယ်ဆိုတာ နဲ့တင်ပါ
မရောက်တာကြာတဲ့ကျောင်းကို ဂျီယွန်း တစ်ယောက်ပြန်ရောက်သွားပြန်ပါပြီ ကျောင်းကအရင်ကနဲ့သိပ်မတူတော့ပါဘူး ဂျီယွန်းကဟိုကြည့်ဒီကြည့်နဲ့ပေါ့ ဂျီယွန်းကဟိုကြည့်ဒီကြည့်ပေမဲ့တချို့တွေကတော့ ဂျီယွန်းကိုဘဲ အာရုံစိုက်နေကြတဲ့ အချိန့
အတန်းပိုင်ဆရာမက အခန်းထဲဝင်လာပြီး ဂျီယွန်းကို မိတ်ဆက်ပေးတာပေါ့တစ်ဖက်အခန်း မှာတော့ ဘန်ဂျီမင်း တစ်ယောက် အရမ်းကို အဆင်ပြေနေပါပြီ ကျောင်းကလူတွေကမျက်နှာစိမ်းသိပ်မရှိဘဲ သိပြီးသားတွေဘဲဖစ်နေလို့ပါ ဂျီမင်းတစ်ယောက်သူငယ်ချင်းတွေနဲ့ပြောရင်းဆိုရင် ကောင်လေးတစ်ယောက်က ဂျီယွန်းနဲ့အတူတူ အဆောင်တူတယ်ဆို ဆိုပြီးဂျီယွန်း အကြောင်းသွားမေးပါတယ် ဂျီမင်းကတော့ မဖြေချင်တာမို့ မဖြေလိုက်ပါဘူး
အဲ့လိုနဲ့ နားချိန်ရောက်တော့ ဘန်ဂျီမင်း တစ်ယောက် သူငယ်ချင်းတွေနဲ့ ကန်တင်းသွားပါတယ် ကန်တင်းမှာ ယွန်းဂျီယွန်း ကိုတော့မတွေ့ပေမဲ့ ဂျီယွန်း တို့အတန်း ကကောင်မလေးတွေ ဂျီယွန်းအကြောင်းပြောတာတွေတော့ကြားခဲ့ပါတယ် ဂျီမင်းခမျာ ကျောင်းပထမဆုံးနေ့တောင် ဂျီယွန်းအကြောင်းကိုဘဲ တွေးနေမိတော့တယ်
ဂျီယွန်းလဲ အတူတူပါဘဲ ဂျီမင်းကိုတွေးမိနေပါတယ် တခြားသူငယ်ချင်းတွေထက် ဘန်ဂျီမင်းလေးကို ပိုပြီး သံယောဇဉ် တွယ်နေပါပြီ
ကျောင်းဆင်းခါနီး အတန်းပိုင်က ကိုယ်သွားချင်တဲ့ club ကိုစဥ်းစားထားဆိုပြီး ပြောလာပါတယ်
အားလုံးက club ရွှေးဖို့ ကိစ္စကို တိုင်ပင်နေကြပါပြီ မိုင်ကတော့ ပန်ချီကလပ်ကိုသွားမယ် ဆိုပြီး ဂျီယွန်းကိုပြောထားပါတယ် ဂျီယွန်းကတော့ ရွှေးထားပြီးသား ကလပ်ရှိပြီးသားပါ ဓာတ်ပုံရိုက်တဲ့club ပါ ဂျီမင်းကတော့မဆုံးဖြတ်ရသေးပါဘူး ဘာဝင်ဝင် အဆင်ပြေတဲ့သူတစ်ယောက်ဖြစ်လို့ပါ ဂင်ယူရီကတော့ သရုပ်ဆောင်ကလပ်ဝင်မယ်လို့ ဆုံးဖြတ်ထားပြီးသားပါ (ဂျီယွန်းကိုလဲ သရုပ်ဆောင် clubဘဲဝင်မဲ့လို့ထင်ထားကြတာပေါ့)
YOU ARE READING
ONLY YOU CAN SEE
Fantasíaပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....