အခန်း(၆၁၄)

28 2 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၁၄) : မင်းလုပ်နိုင်တာကို သိတယ်

အသင်္ချေအင်ပါယာကမ္ဘာ၊ တာအိုအခွင့်အလမ်းဂိုဏ်း

ဂိုဏ်းတစ်ခုလုံးကို ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုလွှမ်းခြုံသွားပြီး တပည့်များနှင့် အကြီးအကဲများသာမက တခြားအင်အားစုများပင် အထိတ်တလန့် ဖြစ်သွားကြကာ တစ်စုံတစ်ခုဖြစ်ပျက်နေပြီဟု တွေးထင်သွားကြသည်။

" မူလ ... မြန်မြန်လုပ်" အသံတစ်သံက ပြောလိုက်သည်။

" အထွေထွေသောင်းပြောင်း ဘာတွေဖြစ်နေတာလဲ"

" ဂိုဏ်းချုပ်က ဒုက္ခရောက်နေပြီ"

" ဘာကိုပြောတာလဲ"

" ရှင်းပြဖို့ အချိန်မရှိဘူး။ ကောင်းကင်တာအိုက သူ ဒုက္ခရောက်နေပြီဆိုတဲ့ သတင်းစကားပါးလို့ သိလိုက်ရတာ"

" ကောင်းပြီ။ ငါ တခြားသူတွေကို ခေါ်လိုက်မယ်။ မင်းက ဓား(၁)ကို သွားပြီးတော့ ဆက်သွယ်လိုက်"

" မူလ(၁)၊ ငရဲ(၁)၊ အရိပ်(၁)၊ သက်တံ(၁)၊ အရိပ်(၂) ငါနဲ့ လိုက်ခဲ့ကြ။ တခြားသူတွေကိုလည်း အကူအညီအတွက် ခေါ်ခဲ့ကြဦး။ လိပ်(၁)က တစ်ခုခုဖြစ်ပျက်လာခဲ့ရင် ဂိုဏ်းကို စောင့်ရှောက်ဖို့ နေခဲ့"

(တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ မဟာဧကရာဇ်တွေကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ လူတွေပါ။ သူတို့ကို နောက်ကနေ နံပါတ်တပ် ခေါ်ပါတယ်။ အရိပ်ဧကရာဇ်ကတော့ နှစ်ယောက်ပါ။ ခေါ်လို့ကောင်းအောင်ရယ်၊ ဂိုဏ်းရဲ့ နောက်ခံကျောရိုး ဘိုးဘေးအဆင့်တွေမလို့ မူလအရှင်၊ ဓားအရှင်လို့ သုံးခဲ့တာပါ )

" ဖျက်ဆီးခြင်း (၁)ကိုရော ဘယ်လိုလုပ်မှာလဲ" ဝေဝါးဝါး အရိပ်ပုံရိပ်က မေးလိုက်သည်။

" သူက ကျင့်ကြံနေတုန်းဆိုတော့ အနှောင့်အယှက်မပေးနဲ့"

" ငါ ရောက်လာပြီ" အရပ်ရှည်ရှည် ကြွက်သားပြိုင်းပြိုင်းနှင့် အမျိုးသားတစ်ဦးက ဂျိုင်းပြတ်သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် သူ့ ကြေးနီရောင် အသားအရည်နှင့် ကြွက်သားများအား ပြသနေသည်။ သူက ဘုန်းကြီးတစ်ပါးကဲ့သို့ ဆံပင်အတို ရှိထားပြီး သိမ်းငှက်တစ်ကောင်လို စူးရှသည့် မျက်ဝန်းမျိုး ပိုင်ဆိုင်ထားသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVDonde viven las historias. Descúbrelo ahora