အပိုင်း(၅)

9 1 0
                                    

စာမေးပွဲပြီးလို့ကျောင်းပိတ်ကာ ခင်ရွာကိုပြန်ရောက်တာတစ်လတောင်ရှိသွားပြီ။စာရေးလာမယ်ပြောခဲ့တဲ့ဝေကို ခင်နေ့တိုင်း မျှော်နေပေမယ့် ဘာစာမှရောက်မလာခဲ့။ခင်လွမ်းတတ်နေပြီလား။ဟုတ်ပါတယ် ခင်အခုဝေကိုအရမ်းသတိရနေသလို တွေ့လည်းတွေ့ချင်နေ၏။

အဝတ်ထည့်သည့် လက်ဆွဲသေတ္တာတစ်လုံးကိုဆွဲပြီး ခြေသံတိုးလျစွာ ဝေအိမ်ကနေတိတ်တခိုးထွက်လာသည်။အကြောင်းအရင်းမှာ သူငယ်ချင်းဆီတစ်ပတ်ဆယ်ရက် အလည်သွားချင်သည်ဟု အိမ်ကိုခွင့်တောင်းခဲ့ပေမယ့် ဘယ်လိုခွင့်မပြုတဲ့ မိဘတွေကြောင့် ယခုလိုမနက်အစောကြီး အိမ်ကနေခိုးထွက်လာခဲ့ခြင်းဖြစ်သည်။အိမ်အပြင်ရောက်တာနဲ့ ယခင်နေ့တွေမှာအစီစဥ်ချထားသည့်အတိုင်း အသင့်ခေါ်ထားသည့် အငှားယာဥ်က ကြိုစောင့်နေ၏။လက်ထဲကအထည့်ထားသည့် လက်ဆွဲသေတ္တာကိုအပေါ်တင်ပြီး ဝေအငှားယာဥ်ပေါ်ကိုတက်ပြီးတာနဲ့ အိမ်ကလူတွေမသိခင် ရန်ကုန်ဘူတာကြီးဆီသို့ မောင်းနှင်ခိုင်းတော့သည်။

"သို့
ချစ်ရပါသော ဖေဖေကြီး မေမေကြီးနဲ့ ကိုကိုကြီး
ဝေ့သူငယ်ချင်းဆီ တစ်ပတ်ဆယ်ရက်အလည်သွားပြီမို့ ဝေကိုလိုက်မရှာပါနဲ့ ဆယ်ရက်ကျော်မှပြန်မလာရင် အဲခါကျမှလိုက်ရှာပါ ပြန်လာမှဝေအဆူခံပါ့မယ်

မှ
ဝေဦးလှိုင် ''

"ဒီကောင်မလေး အလိုလိုက်တာများလို့ လုပ်ချင်ရာလုပ်တတ်နေပြီပဲ"

ဝေထားခဲ့သည့်စာရွက်ကို ဖတ်ပြီးနောက် ဦးမောင်လှိုင်စိတ်ပျက်စွာ ဆိုလာသည်။ယခုလို ဝေအိမ်ကနေမထွက်သွားဖူးတာကြောင့် စိတ်ပူတဲ့အရိပ်အယောင်ကိုလည်းတွေ့နေရ၏။

"ဘယ်လိုလုပ်ကြမလဲ အစ်ကို ကျွန်မဖြင့်သမီးကိုစိတ်ပူတယ်အစ်ကိုရယ်"

စိုးရိမ်စိတ်နဲ့ မျက်ဝန်းမှာ မျက်ရည်ကြည်တွေကျလုဆဲဆဲဖြစ်နေသည့် ဒေါ်ဝေဝေစိန်ကို ဦးမောင်လှိုင်ကနှစ်သိမ့်ပေးနေသည်။

"စိတ်အေးအေးထားပါစိန် သမီးကထက်မြက်တဲ့မိန်းကလေးတစ်ယောက်ပါ အခုလိုသွားတာကလည်း သူ့မှာအစီအစဥ်ရှိထားပြီးသားလို့ အစ်ကိုယုံတယ် အဲဒါကြောင့် အန္တရာယ်ကို သူရှောင်ရှားနိုင်မှာပါ"

ခွင့်လွှတ်နိုင်ရင်Where stories live. Discover now