အပိုင်း(3)နားမလည်မှုတွေနဲ့ လျိုဝှက်ချက်များ

14 3 0
                                    

♤♤♤

လုံလောက်အောင် ပြသနာရှာပြီးတဲ့အခါ ကားသမားက အိုဒင်ကို ဒေါသတကြီးကြည့်လာခဲ့သည်။အိုဒင်သည် နှုတ်သာဆိတ်နေ၏။ မိနစ် ၄၀လောက်သွားရသော လမ်းခရီးတွင် ယခုကဲ့သို့ အေးလှသောဆောင်းတွင်းတွင် ကားပြတင်းပေါက်ဖွင့်ထားသည့် ခရီးသည်အား ကားသမားတိုင်းက မုန်းတီးလောက်သည်။

အိုဒင်သည် သူ့ရဲ့အေးခဲနေသော နှာခေါင်းကိုဘက်ဖြင့် အုပ်ထားလိုက်ပြီး ကားသမားကို အားနာပြုံး ပြုံးပြလိုက်သည်။ကားသမားသည် ' ကျစ် ' ကနဲ့ စုတ်သက်ကာ ကားမောင်းထွက်သွားတော့၏။

မောင်းထွက်သွားသည့် ကားလွန်တဲ့အခါ ခြံဝန်းအကျယ်ကြီးနှင့် ဗိတိသျခေတ်က အိမ်လိုလို နှစ်ထပ်ဆောက်ထားသည့် အိမ်က အိုဒင်အား ကြိုဆိုနေ၏။စိတ်ထဲတွင် အိုဒင်သည် ထိုအိမ်ကြီးအား ဘီလူးကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသည်ဟုပင် တွေးမိသွားသည်။

အိုဒင်သည် ခြံနားသို့တိုးကပ်သွားတဲ့အခါ ခြဲတံခါးကအလိုလိုပွင့်လာခဲ့သည်။ထိုပွင့်သွားသော တံခါးမှ လူတစ်ယောက်ထွက်လာခဲ့၏။

" အိုဒင်အပ်ဆပ်က်လား "

" ဟုတ်ပါတယ် "

ဖော်ရွေးမှုမရှိသော ထိုလူကို အိုဒင်ပြန်ဖြေလိုက်သည်။ထိုလူသည် သက်ကြီးပိုင်အရွယ်ဖြစ်သည်။သို့မဟုတ်ပါလည်း အလုပ်ကြမ်းလုပ်ရသဖြင့် ရှိရင်းစွဲ အသက်ထက်ရုပ်ကပိုရင့်နေတာလည်းဖြစ်နိုင်ပါသည်။ထိုလူသည် ရာသီဥတု အေးနေပါသော်ငြှားလည်း အနွေးထည်တစ်ထပ်တည်းကိုသာဝတ်ဆင်ထားသည်။

ထိုအနွေးကလည်း အချိန်ကြာမြင့်စွာ ဝတ်ဆင်ခဲ့ပုံရပြီး အကြိမ်ပေါင်းများစွာ လျော်ဖွတ်ထားသကဲ့သို့ အရောင်များမှာလည်း မှေးမှိန်ဖျော့တော့နေသည်။ထိုအရောင်အဆင်းမရှိသော အနွေးထည်နှင့် ကာကီရောင် ဘောင်ဘီပွကြီးကို တွဲဖက်ဝတ်ဆင်ထားသဖြင့်ကြည့်ရအလွန်ဆိုးနေသော်ငြှားလည်း ထိုလူရဲ့ ကျောက်ခဲလို မျက်နှာကြောင့် ပုံဆိုးပန်းဆိုး တွဲဖက်ဝတ်ဆင်မှုကို ဘယ်သူကမှ လှောင်ရယ်ရဲ့လောက်မည်မထင်ပါ။

အိုဒင်လည်း တခြားလူတွေလုပ်မည့်အတိုင်းပြုမှုလိုက်သည်။ထိုလူကို အိုဒင်ကအကဲခက်သကဲ့သို့ ထိုလူကလည်း အိုဒင်ကို အကဲပြန်ခက်နေ၏။ထိုနောက် ထိုလူက အိုဒင်ကို သူ့အနောက်လိုက်ခဲ့ဖို့ပြောပြန်သည်။အိုဒင်သည် ခေါင်းငြိမ့်လိုက်ကာ ဖွင့်ထားသော တံခါးကြားမှ ခြံထဲသို့လိုက်ဝင်လိုက်သည်။

အနီရောင် မရဏဓါတ်လှေကား(Elavator game )Where stories live. Discover now