[၂၇၈] ဟွေ့ရှောက်ရယ်။

1.5K 311 6
                                    

Arc(12) ဟွေ့ရှောက်ရယ်(၄)။

လင်ခုံးလု၏စကပ်မှာဘားကအယ်လ်ကိုဟောလ်အနံ့များစွဲထင်လျက်။ သူပြန်လာတုန်းကအလျင်စလိုအဝတ်လဲခဲ့ရသည့်အပြင်သူ့ဆံပင်တုကိုသေချာမတပ်ခဲ့တော့အနည်းငယ်ဗရုတ်ကျနေပြီး ထို့အပြင်သွေးတုကိုမမူးမချင်းသောက်ခဲ့တာမို့လူတစ်ကိုယ်လုံးမှာကာမနယ်မြေတွင်တစ်ညကုန်ဆုံးခဲ့ပုံပေါက်နေလျက် ပျင်းရိကာအကျင့်စာရိတ္တပျက်ပြားသောအလှတရားရှိလို့နေသည်။

သို့သော်သူပါးစပ်ဟလိုက်သည်နှင့်ပြောစကားများမှာနိမ့်ကျလျက်။

ရှန်စစ်မှာအနံ့ခံအာရုံစူးရှသည်။ သူတိုးကပ်လာတာမြင်လိုက်ရတော့သူမနေနိုင်ဘဲဝှီးချဲကိုလှည့်ကာအနောက်ကိုဆုတ်လိုက်မိရင်းမျက်မှောင်ကြုတ်လိုက်မိသည်။

လင်ခုံးလုကတော့သတိမထားမိ။ ပြောပြီးနောက်သူခေါင်းငုံ့ကြည့်လိုက်တော့ပင်လယ်စာဆန်ပြုတ်ထဲမှာပုစွန်ထုပ်၊ ကြက်ဥနှင့်ခရုတောင်ပါနေတာမြင်လိုက်ရသည်။ သူ့မျက်လုံးများဝိုင်းစက်သွားရကာခုနလေးတင်ပျော့ပြောင်းသွားသည့်သူ့အသံကတစ်ဖန်မြင့်တက်လာပြီးသူမယုံကြည်နိုင်ဟန်ပြောလိုက်မိသည်။
"မင်းတကယ်ကြီးခရုစားနေတာလား။ မင်းရဲ့ဘယ်နေရာကခရုစားဖို့လိုအပ်လို့တုန်း? ငါဖျားနေရင်တောင်အာဟာရဖြည့်စွက်စာအများကြီးဘယ်လိုလုပ်စားနိုင်မှာလဲ။"

"မင်းမှာအလုပ်မရှိပိုက်ဆံမရှိပေမဲ့ဘယ်လိုဖြုန်းရမလဲဆိုတာတော့သိတယ်နော်။ ဒါကစျေးကြီးတယ်မလား။ ဒီပိုက်ဆံကိုအာလူးဝယ်ဖို့သုံးလိုက်ရင်အကြာကြီးစားဖို့လုံလောက်တယ်ဟဲ့။ ငါတို့အခုဘယ်လိုအခြေအနေမှာရှိနေလဲဆိုတာမင်းမသိဘူးလား။ အခုကစပြီးငါ့ကိုပိုက်ဆံပေးထားတော့။ မင်းတကယ်စားချင်ရင်ငါမင်းကိုကမာမှိုတချို့ဝယ်ကျွေးမယ်။ အဲ့အရသာကဒီခရုနဲ့တူတယ်မလား။" သူနောက်ဆုံးမှာဖိပြောလိုက်သည်။
"ဒါကမင်းကျန်းမာရေးအတွက်ပဲ၊ အစားနည်းလေကောင်းလေပဲ။"

ရှန်စစ်မှာအလွန်နားညည်းပြီးသူ့စိတ်မှာ"တဝီဝီ"မြည်လို့နေလျက်။ ဘာလို့ကမာမှိုနဲ့ခရုအရသာကတူမှာလဲ၊ ပေါက်ကရတွေ!

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now