🧷 ✧ ˚.ᵎᵎᵎᵎ🎀

1.1K 151 5
                                    

🧷 ✧ ˚.🎀

“ဆောလ်နူး တော်ပြီလေကွာ”

ဂျောင်ဝန်းစားပွဲခုံပေါ်က နို့တွေကိုမှဌက်ပျောသီးတွေလှီးထည့်ထားပြီး အသီးတွေပါရောနှောနေသည့်ပန်းကန်ကြီးကိုကြည့်ရင်းစိတ်မသက်မသာပြောလိုက်သည်။

အီစိမ့်နေမည်ကိုကြည့်ရုံနေပင်သိသာ‌လှသော်လည်း အရသာရှိရှိစားနေသည့်ဆောလ်နူးကိုတအံ့တသြကြည့်ရင်း ဘေးနားကသံပရာရည်ခွက်ကိုတစ်ချက်မော့လိုက်ရသည်။

“ငါစားချင်လို့စားနေတာမဟုတ်ဘူးဂျောင်ဝန်းရဲ့ ကလေးလေးကစားချင်တယ်ဆိုလို့ ‌စားပေးနေရတာ..စားလို့ကောင်းပါတယ်ဂျောင်ဝန်းရဲ့…စားကြည့်ပါလား”

ပြောရင်းဆိုရင်းသူ့နားသို့တိုးကပ်လာသည့် ပန်းကန်ကြီးထံမှအီစိမ့်နေသည့်အနံ့ကြီးကိုရလိုက်ရသောကြောင့် ‌ဂျောင်ဝန်းရင်ထဲပျို့တတ်လာရသဖြင့် ‌အနောက်ဘက်ဘေစင်ရှိရာသို့အမြန်ပြေးလိုက်ရသည်။

“ဘာဖြစ်တာပါလိမ့်..စားလို့ကောင်းတာကို”

ဆောလ်နူးမှာတစ်ဇွန်းခပ်၍စားလိုက်ရင်း အနောက်ဘက်ပြေးဝင်သွားသည့်ဂျောင်ဝန်းကို နားမလည်စွာကြည့်လိုက်သည်။

“ဗိုက်ကြီးနေတာများလား”

ဆောလ်နူးတွေးလိုက်မိသည့်ပေါက်ကရအတွေးကြောင့် တခစ်ခစ်ရယ်လိုက်မိသည်။သူ့ဗိုက်ထဲကကလေးလေးမှာ အတော်ကိုဟာသဉာဏ်ရွင်သောကလေးဖြစ်ရမည်။ဘာလို့လဲဆို ဆောလ်နူးအခုနောက်ပိုင်းမှာရယ်ရတဲ့ ပေါက်ကရအတွေးတွေခဏခဏတွေးမိနေလို့ဖြစ်သည်။

ပန်းကန်ကိုပြောင်အောင်အပြတ်ရှင်းပြီးနောက်တွင်လည်း ‌တစ်ခုခုကစားချင်နေသေးပြန်သောအခါ ဆောလ်နူး၏နှုတ်ခမ်းလေးများကဆူချွန်လာသည်။

အနောက်ဘက်သို့ဝင်သွားသည့်ဂျောင်ဝန်း၏အရိပ်အကဲကိုကြည့်လိုက်ပြီးပြန်ထွက်မလာသေးတာသေချာမှ နို့မှုန့်တစ်ထုတ်ကိုဖောက်ပြီးပါးစပ်ထဲလောင်းထည့်လိုက်သည်။

လျှာပေါ်တွင်ပျော်ဝင်သွားသော နို့မှုန့်အရသာကြောင့်ဆောလ်နူးနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိနေတုန်း ထွက်ပေါ်လာသည့်လူခေါ်ဘဲလ်အသံကြောင့်ဆက်ခနဲတုန်သွားရသည်။

The Hidden Blessing/YANGSUN/Where stories live. Discover now